လာမည့်မွန်လူငယ်များနေ့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး ပညာပေးပြဇာတ်ကဏ္ဍ ထည့်သွင်းဖျော်ဖြေမည်

လာမည့်မွန်လူငယ်များနေ့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး ပညာပေးပြဇာတ်ကဏ္ဍ ထည့်သွင်းဖျော်ဖြေမည်

မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး ပညာပေးပြဇာတ်တစ်ခုကို လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မွန်လူငယ်များနေ့၌ ထည့်သွင်းဖျော်ဖြေမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

“ဒီနှစ် ဦးဇင်းတို့ ကျိုက်မရောမြို့နယ်က ကျင်းပမယ့် မွန်လူငယ်များနေ့မှာ လူငယ်တွေအတွက် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းတွေကို စာရေးဆရာတွေက ရေးသားသီဖွဲ့ပြီးတော့ ပညာပေးပြဇာတ်ကဏ္ဍအဖြစ်နဲ့ ကပြပေးသွားဖို့ရှိတယ်" ဟု ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ကော့ဇွဲကျေးရွာ အနောက်ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတက မိန့်ကြားသည်။

အဆိုပါ အသိပညာပေးပြဇာတ်ကို ကျင်းပရေးကော်မတီနှင့် မွန်စာရေးဆရာအသင်းတို့ ပူးပေါင်းစီစဉ်၍ ကျိုက်မရောဒေသခံလူငယ်တို့က ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။

"မူးယစ်ဆေးစွဲရင် ဘယ်လိုဆိုးကျိုးအဆက်ဆက်တွေဖြစ်ပေါ်စေပြီး ဘယ်လိုသက်ရောက်မှုရှိလာနိုင်တာတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရင် ဘယ်လိုပြစ်မှုမြောက်တယ်ဆိုတာတွေ အဲဒီလိုမျိုးတွေကို အချက်အလက်တွေနဲ့ ဖျော်ဖြေသွားမှာပါ" ဟု မွန်စာရေးဆရာအသင်း ဥက္ကဋ္ဌ နိုင်အောင်ဇနဲ့က ပြောသည်။

တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာစရာ လမ်းစမရှိဖြစ်နေသော မွန်ပြည်နယ်အတွင်း ပျံ့နှံ့နေသည့် မူးယစ်ဆေးအန္တရာယ်ကို အတတ်နိုင်ဆုံးထိန်းချုပ်သွားနိုင်ရန် တချို့သော အရပ်ဘက်အဖွဲ့အစည်းများကလည်း ပညာပေးလုပ်ဆောင်မှုများ ရှိသည်။

လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုအကြောင်းကို တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO က မြို့နယ်အလိုက် အချက်အလက်ကောက်ယူကာ ၂၀၁၈ ခုနှစ်တွင် အစီရင်ခံစာဖြန့်ဝေခဲ့သည်။

အဆိုပါ အစီရင်ခံစာ၌ပါရှိသော စစ်တမ်းအရ မွန်လူများကြားတွင် ၆၀% မှ ၈၀% အထိ မူးယစ်ဆေးဝါး သုံးစွဲမှုရှိနေကြောင်း ဖော်ပြထားသည်။

Photo- တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှု(MNA)

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...