ကွတ်ခိုင်မြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲ ထပ်မံဖြစ်ပွား

ကွတ်ခိုင်မြို့နယ်အတွင်း TNLA နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲ ထပ်မံဖြစ်ပွား
Photo Credit to ကွတ်ခိုင်ပြည်သူ့ဆေးရုံ ဝန်ထမ်း – သြဂုတ်လတုန်းက ကွတ်ခိုင်မြို့နယ်အတွင်းစစ်ရေးမငြိမ်သက်မှုကြောင့် ဗုံးခိုကျင်းများ အိမ်တိုင်းနီးပါးတူးထားရ
Photo Credit to ကွတ်ခိုင်ပြည်သူ့ဆေးရုံ ဝန်ထမ်း – သြဂုတ်လတုန်းက ကွတ်ခိုင်မြို့နယ်အတွင်းစစ်ရေးမငြိမ်သက်မှုကြောင့် ဗုံးခိုကျင်းများ အိမ်တိုင်းနီးပါးတူးထားရ

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၆ ရက် မနက် ၆ နာရီက ကွတ်ခိုင်မြို့နယ် မန်စွပ်ရွာ နှင့် နောင်ပိုက်ရွာကြား တိုက်ပွဲဖြစ်ပွားရာ TNLA တပ်သား တဦး ကျဆုံးကာ၊ တဦးဒဏ်ရာရရှိခဲ့ကြောင်း နှင့် အစိုးရတပ်မတော် ဖက်မှ ၃ ဦး ကျဆုံး တဦး ဒဏ်ရာရရှိကြောင်း TNLA သတင်းထုတ်ပြန်ချက် အရ သိရသည်။

“ မနက် ကသေနတ်သံရော၊ လက်နက်ကြီးသံရော ပါပဲ။ ဒေသခံတွေကတော့ ကြောက်နေရတယ်။ ကွတ်ခိုင်မြို့ထဲမဟုတ်ပေမယ့် အသံက ကျယ်တော့ ဗုံးခိုကျင်းထဲ မှာ သွားနေနေရတယ်” ဟု ကွတ်ခိုင်ဒေသခံ ဒေါ်လွယ်ညွယ်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တိုက်ပွဲဖြစ်ပွါးသောနေရာသည် ကွတ်ခိုင်မြို့နှင့် လွန်စွာနီးကပ်ကြောင်း၊ ကွတ်ခိုင် အခြေစိုက် မြန်မာ့ တပ်မတော် ဘက်မှ လက်နက်ကြီးဖြင့် ပစ်ကူမှုများရှိကြောင်း လည်း ဒေါ်လွယ်ညွယ်က ပြောသည်။

“ အခုတော့ ငြိမ်နေတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ စိုးရိမ်မှုနဲ့နေနေရတယ်။ စျေးဆိုင်တွေလည်း ပိတ်ထားကြတယ်” ဟု ဒေါ်လွယ်ညွယ်က ဆိုသည်။

ယနေ့မနက် TNLA နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲသည် မနက်ပိုင်း ၆ နာရီ ကျော်မှ ရ နာရီခွဲခန့်အထိ ကြာမြင့်ကြောင်းသိရသည်။

ယခုလ ၉ ရက်နေ့ကလည်း အစိုးရတပ်မတော်နှင့် TNLA တို့သည် သိန္နီမြို့လယ်ခေါင်တွင် တိုက်ပွဲဖြစ်ပွားရာ အရပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၊ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကာ အမျိုးသမီး နှင့် လသားကလေး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...