သိန္နီ တွင် လက်နက်ကြီးကျ ကိုယ်ဝန်သည်အမျိုးသမီး တဦး နှင့် အမျိုးသား တဦးထိမှန်

သိန္နီ တွင် လက်နက်ကြီးကျ ကိုယ်ဝန်သည်အမျိုးသမီး တဦး နှင့် အမျိုးသား တဦးထိမှန်
သိန္နီမြို့
သိန္နီမြို့

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ အတွင်း ယနေ့ နံနက် ၅ နာရီခွဲက လက်နက်ကြီး ကျကာ ကိုယ်ဝန်သည်လင်မယား ၂ ဦး ကျည်စထိမှန် ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၁ ရက် ယနေ့ မနက် ၅ နာရီခွဲက သိန္နီမြို့ ရပ်ကွက် ၃ တွင် လက်နက်ကြီးထပ်ကျ သဖြင့် အသက် ၂၀ နှစ် အရွယ် ကိုယ်ဝန်သည် အမျိုးသမီး တဦး နှင့်အသက် ၂၅ နှစ်အရွယ် အမျိုးသား တို့ လက်နက်ကြီးစ ထိမှန်ကာ လက်ရှိမှာ လားရှိုးမြို့ ဆေးရုံတွင် ဆေးကုသ ခံယူနေရကြောင်း သိန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အမျိုးသမီးမှာက ကိုယ်ဝန်ရှိနေတယ်။ သူက  တတောင်ဆစ်မှာထိတယ်။ အမျိုးသားကတော့ ခြေထောက်ထိတယ်။ ကျည်စတွေက အနက်ကြီးစိုက်ဝင်ထားလို့အခု လားရှိုးဆေးရုံ ပို့ထားတယ်” ဟု စိုင်းဦးခမ်း က ဆိုသည်။

လက်ရှိ  သိန္နီမြို့အတွင်း ပစ်ခတ်မှု မရှိသော်လည်း ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အဖွဲ့ မှပစ်ခတ်သည် ကို သေချာ မသိကြောင်း၊ မြန်မာ့ တပ်မတော်ဘက်မှ တဖက်တည်း ပစ်ခတ်နေသည် ဟု ပြောဆိုနေသူများလည်း ရှိသည်။

“ မသင်္ကာတဲ့ သူကိုတွေ့လို့ မြန်မာ့တပ်မတော်က လိုက်ပစ်တာလို့ ကြားတယ်။ အခုတော့ငြိမ်နေတယ်။ လူတော့ ၂ယောက်ထိသွားတယ်” ဟု သိန္နီဒေသခံ တဦးဖြစ်သည့် စိုင်းလောဝ် က ပြောသည်။

သိန္နီမြို့ တွင် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာ့ တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပစ်ခတ်မှု ဖြစ်ပွားကား အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရရှိပြီး မြန်မာ့ တပ်မတော် ဘက်မှ ၃ဦး ကျဆုံးခဲ့သည်။

ယခုရက်ပိုင်း သိန္နီမြို့တွင်း  ပစ်ခတ်မှုများတွင် အရပ်သား ၉ ဦးထိခိုက်မှု ရှိရာ အမျိုးသမီး ၆ ဦး ပါဝင်ကြောင်း သိရသည်။

“ ကျနော်   ပြောချင်တာကတော့ လက်နက်ကိုင်တွေ အနေနဲ့ ပြည်သူတွေ ရှိတဲ့နေရာမှာမပစ်ခတ်ဖို့  ပြည်သူတွေ ထိအောင် မပစ်ကြဖို့  ပါဘဲ” ဟု သိန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။

သြဂုတ် ၁၅ ရက်နေ့မှ စတင်ကာ ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တို့သည် မူဆယ်-မန္တလေး လမ်းမပေါ် တိုက်ပွဲဖြစ်ပွားကာ အရပ်သား ၁၄ဦး သေဆုံးကာ ၂၅ ဦး အထက် ဒဏ်ရာရရှိကြောင်း သိရသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...