မယ်ဆိုင်မှ ချင်းမိုင်သို့အသွား အရေးပေါ် လူနာတင်ကားတွင် စိတ်ကြွဆေးပြား ၆ သိန်း နီးပါး ဖမ်းဆီးရမိ

မယ်ဆိုင်မှ ချင်းမိုင်သို့အသွား အရေးပေါ် လူနာတင်ကားတွင် စိတ်ကြွဆေးပြား ၆ သိန်း နီးပါး ဖမ်းဆီးရမိ
Photo by Chiang Mai News- စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိသည့်လူနာတင်ယာဉ်
Photo by Chiang Mai News- စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိသည့်လူနာတင်ယာဉ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်   လူနာတင်ယာဉ် တစီး ပေါ်၌ စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိကြောင်း ချင်းမိုင် သတင်းအရ သိရသည်။

အဆိုပါ လူနာတင်ယာဉ်သည် စက်တင်ဘာလ ၃၀ ရက်နေ့က မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့မှ လာသည့် ကားဖြစ်ကြောင်း၊ ထိုအရေးပေါ် လူနာတင်ယာဉ်ပေါ်တွင် အသက် ၂၃ နှစ် အရွယ် နှင့် အသက် ၁၇ နှစ် အရွယ် အမျိုးသား ၂ ဦး လိုက်ပါလာကြောင်းသိရသည်။

အဆိုပါလူနာတင်ကားမှာ အရှိန်မြင့်မောင်းနှင်သဖြင့် ထိုင်းရဲမှ စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကား မောင်းပြေးလေရာ စက်တင်ဘာ ၃၀ ရက် မနက် ၈ နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း ထိုင်း သတင်းဌာန ဖော်ပြချက် အရ သိရသည်။

လူနာတင်ယာဉ်ပေါ် မှလူငယ် ၂ ဦး ဖမ်းဆီးရမိပြီးနောက် ဆက်လက်စုံစမ်းရတွင် ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သည့် အမျိုးသား ၂ ဦးကိုပါ  ထပ်မံ ဖမ်းဆီးရကြောင်းသိရသည်။

မယ်ဆိုင် မှ ချင်းမိုင်သို့ စိတ်ကြွဆေးသယ်ဆောင်လာမှုနှင့်ဆက်စပ်ပြီးဖမ်းဆီးရမိသည့် အမျိုးသား ၄ ဦးထဲတွင် အသက်မပြည့်သေးသည့် ၁၇ နှစ် အရွယ် လူငယ် ၁ ဦးကို လက်ရှိ တွင် ဆထန်ဖိနစ် လူငယ် ပြုပြင်ရေးဂေဟာသို့ ပို့ဆောင်ထားသည်ဟုလည်း ချင်းမိုင် ရဲတပ်ဖွဲ့ မှ ပြောသည်။

ထို ကားကို မယ်ဆိုင်မြို့ ဘုန်းကြီး တပါး မှ လှူဒါန်းထားသည်ဟူသည့် ဖောင်ဒေးရှင်းတံဆိပ် ကို ကပ်ထားပြီး၊ အဆိုပါဖောင်ဒေးရှင်းမှာ မယ်ဆိုင်တွင် လူမှုကူညီရေး လုပ်ငန်းကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာသည့် အသင်းဖွဲ့ဖြစ်ကြောင်းလည်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...