မူးယစ်ဆေးဝါးပြဿနာ ရဲတပ်ဖွဲ့အပါအဝင် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများ ပူးပေါင်းရန် လိုအပ်ဟု မွန်ဝန်ကြီးချုပ် ပြော

မူးယစ်ဆေးဝါးပြဿနာ ရဲတပ်ဖွဲ့အပါအဝင် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများ ပူးပေါင်းရန် လိုအပ်ဟု မွန်ဝန်ကြီးချုပ် ပြော

မူးယစ်ဆေးဝါးပြသာနာသည် နိုင်ငံတော်အဆင့် ကိုင်တွယ်ဖြေရှင်းနေရသောကြောင့် ရဲတပ်ဖွဲ့အပါအဝင်ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မော်လမြိုင်မြို့၊  မွန်ပြည်နယ် ရဲတပ်ဖွဲခန်းမတွင် အောက်တိုဘာ ၁ ရက်က ကျင်းပသော (၅၅) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

"မူးယစ်ဆေးဝါးပြသာနာကို နှိမ်နှင်းနိုင်ဖို့အတွက်ကတော့ ရဲတပ်ဖွဲ့တွေသာမကပါဘူး၊ ဘက်စုံကဏ္ဍစုံကနေ အားလုံးပူးပေါင်း ပါဝင်ဖို့လိုအပ်ပါတယ်၊ ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းအပ်ပါတယ်"ဟု ဒေါက်တာအေးဇံက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများကို ဥပဒေရေးရာနှင့် မှုခင်းဆိုင်ရာများ စပ်လျဉ်းသော ဆင့်ပွားအသိပညာပေးခြင်းတို့ကို အလေးထားဆောင်ရွက်နေပြီး ပြည်သူများမှလည်း သွယ်ဝိုက်နည်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးရန် ဆက်ပြောသည်။

သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က "မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ရဲတွေနဲ့ပဲ ဆိုင်တယ်ဆိုတာတော့ မဟုတ်သေးဘူး၊ သုံးစွဲတယ်ဆိုရင် ဥပဒေအသစ်အရ ကျွန်မတို့က ဆေးဖြတ်ပေးတယ် ဒါကို မိသားစုဝင်တွေ သိထားဖို့လိုတယ်၊ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်ကပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်"ဟု ပြောသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် သတင်းပေးသူကို ဖုံးကွယ်ပေးထားသည်ဖြစ်သည့်အတွက် တိကျမှန်ကန်သော သတင်းကို ပေးပို့ရန် လိုအပ်ကြောင်း သူမက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၅ ရက်ထိ အမှုပေါင်း ၃၂၇ မှု ရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ်၌ မူးယစ်ဆေးဝါး အမှုပေါင်း ၄၃၄ မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

   

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...