ဘိန်းစာရွက်တစ်ထောင်ကျော် မွန်ပြည်သစ်ဖမ်းဆီးမိ

ဘိန်းစာရွက်တစ်ထောင်ကျော် မွန်ပြည်သစ်ဖမ်းဆီးမိ
ဖမ်းဆီးရမိသော ဘိန်းစာရွက်များနှင့် ရောင်းဝယ်သူ (MNA)
ဖမ်းဆီးရမိသော ဘိန်းစာရွက်များနှင့် ရောင်းဝယ်သူ (MNA)

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် ဘိန်းစာရွက်အရေအတွက် တစ်ထောင်ကျော်ကို မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသ ဝဲပေါင်းကျေးရွာရှိ နေအိမ်တစ်အိမ်၌ စက်တင်ဘာ ၂၀ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိခဲ့သည်။

မွန်ပြည်သစ်ပါတီ၊ ရေးမြို့နယ်အတွင်းရေးမှူး နိုင်ဂေါင်စကားက “သတင်းရရှိလို့ ဝဲပေါင်းကျေးရွာ ဦးချိုနေအိမ်မှာ ဘိန်းစာရွက်တစ်ထောင်ကျော်နဲ့ ချောင်းဆိုးပျောက်ဆေး ၃ ပုလင်း ဖမ်းမိတယ်၊ ဘိန်းစာရွက်တရားမဝင်ရောင်းချတာ ဒီတစ်ခါအများဆုံး ဖမ်းမိတာဖြစ်တယ်”ဟု ပြောသည်။

ဘိန်းစာရွက်တရွက်ကို မြန်မာငွေ ၁၀၀ နှင့် ၂၀၀ ကျပ်ခန့်ဈေးနှုန်းရှိကြောင်း၊ တစ်ကြိမ်လျင် ၁၀ ရွက်မှ ၃၀ ရွက်လောက်ထိကျိုချက်ရပြီး ရရှိလာသောအရည်ကို၊ အချိုရည်၊ ကော်ဖီမစ်၊  ချောင်းဆိုးပျောက်ဆေးရည်များနှင့် ရောသောက်ရခြင်း ဖြစ်သည်။

“စိတ်ကြွဆေးပြားတွေ၊ ဘိန်းစာရွက်(ကရထောင်) တို့လိုမျိုးက မွန်လူငယ်တွေကြားမှာ တော်တော်ပျံနှံ့လာ တယ်” ဟု နိုင်ဂေါင်စကားက ဆက်ပြောသည်။

ယနေ့လူငယ်အများအပြားသည် တရားဝင်ရောင်းချနေသည့် အရက်၊ ဘီယာ ဝယ်ယူသုံးစွဲမှု နည်းပါးလာပြီး တရားမဝင် မူးယစ်ဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းစာရွက်များကို ပိုမိုဝယ်ယူသုံးစွဲလာနေကြသည်ဟု ၎င်းကဆိုသည်။

အထူးသဖြင့် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်လည်း ဘိန်းစာရွက်များကို အလှူအိမ်များပါမကျန် လူငယ်များကြား တွင်တွင်ကျယ်ကျယ် ဝယ်ယူသုံးစွဲနေကြောင်း စုံစမ်းသိရှိရသည်။

Most read this week

March 10, 2026
မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး...
March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...