Published
Monday, September 23, 2019
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ရခိုင်နဲ့ရှမ်းပြည်နယ်မှာ အပစ်ရပ်ကာလသက်တမ်းတိုး
ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အပစ်ရပ်ကာလကို လာမယ့် ဒီဇင်ဘာလအထိ သက်တမ်းတိုးလိုက်ပါတယ်။
ကျောက်တော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့အတွက် အရပ်သားတစ်ယောက်သေဆုံးပြီး အရပ်သား ခြောက်ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်/သေဆုံးမှုတွေနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းရေးအဖွဲ့ဖွဲ့စည်းဖို့ ရခိုင်ပြည်နယ်အစိုးရရဲ့ တိုက်တွန်းတဲ့အဆိုကို တပ်မတော်ဘက်က ကန့်ကွက်လိုက်ပါတယ်။






