Published
Monday, September 14, 2026
စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’နဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့ AA စိုးမိုးနယ်မြေတွေထဲ ခြေတစ်လှမ်းမှ မချနိုင်သေး
- စစ်အုပ်စုက ‘၄၉၂၆ စစ်ဆင်ရေး’ ဆိုတဲ့ နာမည်နဲ့ နေရာ ၅ ခုထက်မနည်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့ လက်ရှိအချိန်အထိ AA စိုးမိုးနယ်မြေတွေထဲ ခြေတစ်လှမ်းမှ မချနိုင်သေးဘူးလို့ ပြောပါတယ်။
- ကရင်အမျိုးသားအစည်းအရုံး(KNU)က ပညာရေးနယ်မြေတွေ ဘေးကင်းလုံခြုံဖို့ ကျောင်းများဘေးကင်းလုံခြုံရေး ကြေညာစာတမ်း (Safe Schools Declaration)ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ အတည်ပြုခဲ့ပေမဲ့ စစ်တပ်ကတော့ ကော်သူးလေနယ်မြေထဲက စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
- ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ(SCEF)အဖွဲ့ဝင်တွေက စစ်အုပ်စုက သီးခြားခွဲထုတ် ဆွေးနွေးတာကို လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။






