ဒေါဆိုရှေးတောင်သူရုံးချိန်း လာရောက်ဝန်းရံသူ များပြား

ဒေါဆိုရှေးတောင်သူရုံးချိန်း လာရောက်ဝန်းရံသူ များပြား

တပ်ဧရိယာကို ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခဲ့ထားရသည့် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၅ ဦးကို ယနေ့ စက်တင်ဘာလ၉ရက်နေ့ ဒီမော့ဆိုမြို့နယ်တရားရုံးသို့ ခေါ်ယူစစ်ဆေးရာတွင် လာရောက်ဝန်းရံသူ ဒေသခံ တောင်သူအများအပြားရှိခဲ့သည်။

ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများ ခန့်မှန်း ၃၀၀ခန့် လာရောက်ဝန်းရံခဲ့ကြသည်။

“ကိုယ်လည်းတောင်သူပဲ သူတို့လည်းတောင်သူပဲကိုယ်က ဘာမှမလုပ်နိုင်ရင်တောင်မှ သူတို့ကိုလာအားပေးတာပေါ့။” ဟု ဖရူဆိုမြို့နယ်မှ တောင်သူ တစ်ဦးက ပြောပါသည်။

အမြောက်တပ်ကို ၂၀၀၂-၂၀၀၃ခုနှစ်နောက်ပိုင်းတွင် လာတည်ထားတာဖြစ်ပြီး ဒေသခံများက ယခင် ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းကပင် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတဲ့သူများဖြစ်ကြသည်။

“ကျတော်တို့ သင်္ချိုင်းတွေလည်း ရှိတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမှတ်အသားတွေလည်း ရှိတယ် ကျတော်တို့ ဘိုးဘွားဘေဘီတွေကလည်း အဲ့မှာပဲ ခေါင်းချခဲ့တယ်။ ကျတော်တို့ အရှုံးမပေးနိုင်ဘူး ကျတော်တို့ ရအောင် ပြန်ယူမယ် ကျတော်တို့ ပြန်မရရင် စားစရာလည်း မရှိတော့ဘူး ဆက်တက်ရင်လည်း ကျတော်တို့ တက်မှာပဲ။ ကျတော်တို့ နောက်မဆုတ်နိုင်ဘူး” ဟု တရားစွဲဆိုခံရသည့် ဦးဆော်ရယ်က ပြောသည်။

စစ်တပ်က သိမ်းဆည်းပြီးနောက် ၎င်းမြေအပေါ် တောင်သူတွေကို လုပ်ကိုင်စားသောက်ခွင့် ပေးထားသော်လည်း တပ်ရင်းမှူး အပြောင်းအလဲကြောင့် တောင်သူတွေအနေဖြင့် ထွန်ယက်စိုက်ပျိုးလိုပါက သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက်ရမှသာ စိုက်ပျိုးခွင့်ပေးကြောင်း ဒေါဆိုရှေးတောင်သူများက ပြောသည်။

ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇နှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆/၁ (ပုဒ်မ ၂ ခု)ဖြင့် တရားစွဲဆိုခံနေရသည့် ခွန်းသော်မတ်က “ ကျတော်တို့ပြည်သူလူထုက ဒီမြေမရှိလို့မရဘူး။ အမှန်တိုင်း တရားဥပဒေအတိုင်း ကျတော်တို့ ရှေ့ဆက်လျှောက်မယ်။” ဟု ခွန်းသောမတ်က ဆိုသည်။

ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာတောင်သူများကို စစ်တပ်က ပိုင်နက်ကျူးလွန်မှု ပုဒ်မ၄၄၇ဖြင့် ၁၁ဦး၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂ ဦး၊ ပုဒ်မ၄၄၇နှင့် ပုဒ်မ ၆/၁ (ပုဒ်မ၂ခု) ဖြင့် ၄ဦး စုစုပေါင်း တရားစွဲဆိုခံရသူ ဒေါဆိုရှေ့တောင်သူ ၁၇ ဦးရှိသည်။

ယနေ့ တရားရုံးချိန်းသည် ပုဒ်မ၄၄၇ဖြင့် တရားရင်ဆိုင်ရသူများအတွက် ၇ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး ပုဒ်မ ၆/၁ အတွက် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

လက်ရှိတွင်ကယားပြည်နယ်တစ်ပြည်နယ်လုံးတွင် ဒီးမော့ဆိုမြို့နယ်အတွင်း တောင်သူ ၁၇ ဦး၊ လွိုင်ကော်မြို့နယ်အတွင်းတွင် တောင်သူ ၃ ဦး စစ်တပ်က တရားစွဲထားပြီး ၎င်းတို့ထဲမှ လွိုင်ကော်အကျဉ်းထောင်ထဲတွင် ၉ ဦးဖမ်းထားသည်။

September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...