မင်းပြားမြို့နယ် ကုလားမတောင်မှ ထွက်ပြေးတိမ်းရှောင်နေသူ ရွာသား ၁၉ဝဝ ကျော် အကူအညီလိုအပ်နေ

မင်းပြားမြို့နယ် ကုလားမတောင်မှ ထွက်ပြေးတိမ်းရှောင်နေသူ ရွာသား ၁၉ဝဝ ကျော် အကူအညီလိုအပ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူများမှာ စားဝတ်နေရေး အခက်ခဲနှင့် ကြုံတွေ့နေရသဖြင့် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

ကုလားမတောင်ကျေးရွာအနီး ဇူလိုင် ၂၇ ရက်နေ့ ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့်  အဆိုပါကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသူလူဦးရေ ၁၉ဝဝ ကျော်မှာ ယခုအခါ  စားဝတ်နေရေးအခက်ခဲဖြစ်နေကြောင်း ကုလားမတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ရွာမှာက မနေရဲကြတော့ဘူး။ ထွက်ပြေးကြတာကလည်း ရွာလုံးကျွတ်နီးပါးပါပဲ။ ထွက်ပြေး ကြတဲ့  ရွာသားတွေကတော့ တစ်ခုတည်းမှာ စုနေကြတာတော့ မဟုတ်ဘူး။ တချို့က မြို့ပေါ်မှာ။ တချို့က နယ်ဘက်က လုံခြုံတဲ့ ရွာတွေကို သွားကြပါတယ်။ ဆွေမျိုးအိမ်မှာ ကပ်ခိုပြီး နေကြ တာတွေလည်း ရှိပါတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်တယ်ဆိုတော့ အကုန်လုံးက ကမန်းကတမ်း ထွက်ပြေးကြတော့ ဘာတစ်ခုမှ ပါမသွားကြတော့ဘူး။ အခက်ခဲကတော့ ရှိသလား မေးနေ ဖို့တောင် မကောင်းပါဘူး”ဟု သူက ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၃၇ဝ ခန့်ရှိပြီး စုစုပေါင်းလူဦးရေမှာ ၁၉ဝဝ ကျော်ရှိကာ လက်ရှိ ကျေးရွာအတွင်း လူကြီး ၂ဝ ကျော်ခန့်သာ ရွာရှိ ဘုန်းကြီးကျောင်းတွင် ကျန်နေခဲ့ကြောင်း သိရသည်။

ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သူများမှာ ကျောက်တော်မြို့နယ် ဝါးတောင်ကယ်ဆယ်ရေးစခန်း၊ မင်းပြားမြို့နယ် မင်းဖူးကျေးရွာ၊ သေကံကယ်ဆယ်ရေးစခန်း၊ အမ်းသားကျေးရွာ၊ စပါးထား ကျေးရွာ၊ မြို့ပေါ်ရှိ ကျဉ်းတောင်ဘုရားအတွင်း ဓမ္မရုံများနှင့် မင်းပြားမြို့ရှိ ဦးစိုးတင့်ရပ်ကွက်မှ ဘုန်းတော်ကြီးကျောင်းတို့တွင်လည်း နေထိုင်လျက်ရှိကြောင်း သိရသည်။

“အမ်းသားရွာမှာကတော့ ခုလောလောဆယ် အဆင်ပြေနေပါတယ်။ သူတို့ စရောက် ကတည်းကနေ စားဝတ်နေရေးအတွက် လိုအပ်တာတွေ လုပ်ပေးနေပါတယ်။ သူတို့တွေကို ဘုန်းကြီးကျောင်းမှာ ထားပါတယ်”ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 

ကုလားမတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ရွာသူ၊ သားများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ကျေးရွာအတွင်းသို့ တပ်မတော်သားများဝင်ရောက်ကာ  ဆိုင်ခန်းအချို့မှ လိုရာ ပစ္စည်းများအား ယူပြီး ဆိုင်ခန်းနှင့် အိမ်အချို့ကို  ဖျက်ဆီးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောသည်။

(ကုလားမတောင်ကျေးရွာကို စွန့်ခွာထွက်ပြေးလာကြသည့် ရွာသားများကို တွေ့ရစဉ်/ ဓာတ်ပုံ- သဘာဝနဒီ)

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...