နမ့်လန်မြို့တွင် သျှမ်းစာဖြင့်ရေးသားထားသော လမ်းအမည်ဆိုင်းဘုတ်များ စုပေါင်းစိုက်ထူ

နမ့်လန်မြို့တွင် သျှမ်းစာဖြင့်ရေးသားထားသော လမ်းအမည်ဆိုင်းဘုတ်များ စုပေါင်းစိုက်ထူ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် မြို့သူ မြို့သားများစုပေါင်းကာ မိခင်ဘာသာစာပေဖြစ်သော သျှမ်းစာ ပါ၀င်သည့် လမ်းမကြီးနှင့် လမ်းသွယ်များဆိုင်းဘုတ် စုပေါင်းစိုက်ထူခြင်းလှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် နမ့်လန်မြို့အတွင်းရှိ လူမှုအခြေပြုအဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အစိုးရဌာနဆိုင်ရာတို့ ပူးပေါင်းလက်တွဲကာ မြို့တွင်း ရပ်ကွက်တွင်းရှိ လမ်းမကြီး လမ်းသွယ်များ၏အမည်များကို အင်္ဂလိပ် ၊ မြန်မာ၊ သျှမ်းဘာသာစာပေများဖြင့် ရေးသားထားသည့်ဆိုင်းဘုတ်များ ရ၀ ကျော်ကိုထူထောင်ကြကြောင်းသိရသည်။

နမ့်လန်မှ လူငယ်အဖွဲ့ခေါင်းဆောင်စိုင်းစိုင်းက -“ ကျနော်တို့နမ့်လန်မှာ လမ်းကြိုလမ်းကြား လမ်းသွယ်လေးတွေ ၂၀၀ ကျော်ရှိပါတယ်။၂ ရက်အတွင်း ရ၁ ခု စိုက်ထူနိုင်ခဲ့ပါတယ်။ ကျန်တာတွေကိုအမြန်ဆုံးပြီးစီးအောင် ကြိုးစားစိုက်ထူသွားပါမယ်။ ”- ဟုသျှမ်းသံတော်ဆင့်အား ပြောသည်။

၃ ဘာသာဖြင့် လမ်းအမည် ရေးထားသောဆိုင်းဘုတ်တခုနှင့် တိုင်တခု (ဆိုင်းဘုတ်တစုံ) ၏ကုန်ကျငွေမှာ ရ၅၀၀၀ ကျပ်ဖြစ်ကြောင်းလည်းသိရသည်။

“ဒီဆိုင်းဘုတ်လုပ်တဲ့ငွေတွေက မနှစ်က ကျနော်တို့ ရေကြီးရေလျှံခံရချိန်မှာ ရပ်နီးရပ်ဝေးကနေ ကူညီထောက်ပ့ံပေးပို့လာတဲ့ ငွေတွေထဲက ပိုလျှံတဲ့ငွေတချို့လည်းပါ၀င်ပါတယ်။ ကူညီထောက်ပ့ံလာတဲ့ငွေတွေကို အများအကျိုးလည်းဖြစ်စေရန်အလို့ငှာ ဆိုင်းဘုတ်လုပ်လိုက်တာဖြစ်ပါတယ် ”- ဟု နမ့်လန်မှလူမှုကူညီရေးအသင်းအဖွဲ့တွင် ဦးဆောင်လှုပ်ရှားနေသူ စိုင်းဆိုင် ကလည်းပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပညာသင်ယူနေသည့် တောင်ကြီးမှ သျှမ်းသံဃာတော်တပါးကလည်း – “နမ့်လန်ဒေသခံတွေရဲ့ စည်းလုံးညီညွတ်မှု ၊ မိခင်ဘာသာစာပေကို မြတ်နိုးတန်ဖိုးထားမှုကို မြင်ရတာ ၀မ်းသာပီတိဖြစ်ရတယ်။ ဘုန်းဘုန်း ကြက်သီးတွေတောင်ထ ပါတယ်။ သျှမ်းပြည်ထဲက မြို့တိုင်းရွာတိုင်းက နမ့်လန်ဒေသခံတွေကိုအတုယူသင့်ပါတယ်။ မြို့တိုင်းမှာအဲလိုလုပ်ရင် သျှမ်းစာပေပျောက်ကွယ်မှေးမှိန်သွားမှာကို မစိုးရိမ်ရတော့ဘူးပေါ့။ လမ်းနာမည်ပြီးရင်မြို့နာမည်။ အသုံးအဆောင်နာမည်၊ တိုက်တာအဆောက်အဦးနာမည်တွေ အကုန်လုံးအဲလိုရေးထည့်ရင်ပိုတောင်ကောင်းသေးတယ်”- ဟု မိန့်တော်မူသည်။

သျှမ်းပြည်နယ်အစိုးရ၏ စည်ပင်သာယာရေးဝန်ကြီးသည် သျှမ်းပြည်နယ်အတွင်းရှိ မြို့ရွာအမည်များ လမ်းအမည်များကို မြန်မာဘာသာစာပေနှင့်အတူ သက်ဆိုင်ရာတိုင်းရင်းသားစာပေထည့်သွင်းရေးသားပြီး ထောင်နိုင်ကြောင်း ၂၀၁၇ ခုနှစ်ကတရားဝင်ကြေငြာခဲ့သည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...