မန်စံမြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ထိတွေ့မှုဖြစ်ပွား

မန်စံမြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ထိတွေ့မှုဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း မန်စံ မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားကာ လက်နက်ကြီးများကျသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၁ ရက် နှင့် ၁၂ ရက်က မန်စံမြို့နယ် နောင်ပန် ကျေးရွာ တွင် မြန်မာ့တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီး ကျလာကြောင်း မန်စံမြို့ ဒေသခံ များပြောပြချက် အရ သိရသည်။

“ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီခွဲကျော်လောက် လက်နက်ကြီး ကျတယ်။ ပေါက်တော့ မပေါက်ကွဲဘူး။ ပေါက်ကွဲရင်တော့ ရွာသားတွေ အတွက် မတွေးဝ့ံဘူး။ တော်သေးတယ်” ဟု မန်စံ ဒေသခံတဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးတလုံး သည် ကျေးရွာ ရှိ နေအိမ်ခြံ ဝန်း တွင် ကျရောက်ကာ ဒေသခံများ စိုးရိမ်မှု များရှိနေကြောင်း၊ ထိုလက်နက်ကြီးသည် မည်သည့် လက်နက်ကိုင်အဖွဲ့မှ အသုံးပြုသည့် လက်နက် ဖြစ်သည်ကို မသိရှိသေးကြောင်းလည်း မန်စံ ဒေသခံ က ဆိုပြန်သည်။

“ တိုက်ပွဲ တွေ ထပ်ဖြစ်ပွားမှာတော့ ကြောက်နေရတယ်။ တိုက်ပွဲတွေ ငြိမ်သွားတာ မကြာသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်” ဟု၎င်း ဒေသခံ က ထပ်လောင်းပြောသည်။

ဆက်လက်ပြီး နမ္မတူ စစ်ရှောင် ဒုက္ခသည် စခန်း ၏ ဥက္ကဌ ဖြစ်သည့် ဦးဘဉာဏ် က “ ပလောင် တပ်နဲ့ အစိုးရတပ်က ထိတွေ့မှု ဖြစ်တာပါ။ သိပ်မကြာလိုက်ဘူး။ မပေါက်သေးတဲ့ လက်နက်ကြီး ကျတယ်လို့ကြားရတယ်။ လူတော့ ထိတာ မရှိဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာ အတွင်း ကျသည့် လက်နက်အမျိုးအစားမှာ အာပီဂျီ လက်နက်ကြီး ဖြစ်သည် ဟု ဒေသခံများ ပြောဆိုချက် အရသိရသည်။

မြန်မာတပ်မတော်သည် တိုင်းစစ်ဌာနချုပ်(၅)တိုင်းဖြစ်သည့် မြောက်ပိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်း စစ်ဌာချုပ် နယ်မြေ တို့တွင် တတိယ အကြိမ်မြောက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှု ၂ လ ထပ်မံတိုးမြှင့် ထားကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...