ကုလ အထူးကိုယ်စားလှယ်ကို ရခိုင်လက်နက်ကိုင်ပဋိပက္ခအကြောင်း ANP တင်ပြ

ကုလ အထူးကိုယ်စားလှယ်ကို ရခိုင်လက်နက်ကိုင်ပဋိပက္ခအကြောင်း ANP တင်ပြ
ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ
ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကြောင့် ပြည်သူလူထုများ ဒုက္ခခံစားနေရသည့် အခြေအနေအပါအဝင် အရပ်သားအချို့ ဖမ်းဆီးခံရမှုရှိနေသည့်အကြောင်းများကို ရခိုင်အမျိုးသားပါတီ(ANP) က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာကို တင်ပြလိုက်သည်။

ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်သို့ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ရခိုင်အမျိုးသားပါတီနှင့် သီးသန့်တွေ့ဆုံစဉ် ထိုသို့ တင်ပြလိုက်ခြင်းဖြစ်သည်။

“ပဋိပက္ခအဟောင်းတွေထက် လတ်တလောအခြေအနေမှာ ပြည်သူလူထုတွေက ဒုက္ခသည်အဖြစ်မဟုတ်ဘဲ စစ်ဘေးရှောင်အဖြစ် နေနေကြရတယ်။ လယ်မထွန်းယက်နိုင်ကြဘူး။ စားဝတ်နေရေး အခက်အခဲရှိတယ်။ ပြီးတော့ ဖမ်းဆီးတာ နှိပ်စက်တာနဲ့ တရားစွဲဆိုတာတွေကို လုပ်ဆောင်နေကြပြီးတော့ သေဆုံးသွားတဲ့ကိစ္စတွေကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ကို အစိုးရကို တင်ပြပေးဖို့အတွက်ကို ပြောခဲ့ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

ထို့အပြင် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များနှင့် တခြားမြို့နယ်များကိုလည်း သွားလာခွင့် ကန့်သတ်ထားသည့်အခြေအနေမျာကို ပြောကြားခဲ့ပြီး ကုလအထူးကိုယ်စားလှယ်အနေဖြင့် အစိုးရကို တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...