ချင်းပြည်နယ် ဝန်ကြီးအသစ် ဦးဖွေအားနှင့် တွေ့ဆုံခြင်း

ချင်းပြည်နယ် ဝန်ကြီးအသစ် ဦးဖွေအားနှင့် တွေ့ဆုံခြင်း

" အဓိကတော့ ၂၀၂၀ရွေးကောက်ပွဲအတွက်လည်း အကျိုးရှိမှာပါ"

ဝန်ကြီးဌာနအသစ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအတွက် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးဖွေအား နှင့် တွေ့ဆုံခြင်း

မေး – တိုးမြှင့်လိုက်တဲ့ ဝန်ကြီးဌာနအသစ်မှာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲခင်ဗျ?

ဖြေ – အဓိကတော့ အစိုးရရဲ့ယန္တရား ပိုပြီးတော့ လည်ပတ်နိုင်အောင် စီမံဆောင်ရွက်တဲ့ ကိစ္စလို့မြင်ပါတယ်။

မေး – ဆရာခန့်အပ်ခံရတဲ့ ဝန်ကြီးဌာနက အသစ်ဆိုတော့ ဆရာ့အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ ရှိလဲခင်ဗျ?

ဖြေ – ဌာနက လဝကရယ် အလုပ်သမားညွှန်ကြားရေးနှင့် ဆက်ဆံရေး ဆိုတော့ ကျွန်တော်တို့က ဒီလုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ ဟာမျိုးကိုဘဲ ဆောင်ရွက်သွားမှာပါ၊

မေး – ထပ်တိုးလိုက်တဲ့ ဝန်ကြီးဌာနကြောင့် အစိုးရရဲ့ လုပ်ဆောင်မှုပိုင်းမှာ ဘယ်လိုမျိုးတွေတိုးတက်လာမှာလဲဗျ?

ဖြေ – တိုးတက်လာမှာအများကြီးရှိပါတယ်၊ ပြောလို့မရတဲ့ အပိုင်းတွေလည်း အများကြီးရှိတာပေါ့၊ အဓိကတော့ ၂၀၂၀ရွေးကောက်ပွဲအတွက်လည်း အကျိုးရှိမှာပါ၊ လူဦးရေ စိစစ်တဲ့ အပိုင်းတွေမှာပေါ့၊ ချင်းပြည်နယ်အတွင်းမှာ ချင်းလူမျိုးတွေ သီးသီးသန့်သန့် နေရဖို့တွေလည်း ဆောင်ရွက်စရာတွေရှိမှာပေါ့၊ ကျနော်တို့က နယ်စပ်မှာဆိုတော့ တရားမဝင်ဘဲနဲ့ မှတ်ပုံတင်လုပ်တာတွေ ရှိနိုင်တဲ့အတွက် အဲဒါတွေကိုလည်း ကိုင်တွယ်ဖို့ရှိပါတယ်။

မေး – လက်ရှိအစိုးရသက်တမ်းက တစ်နှစ်ခွဲလောက်ဘဲ ကျန်တော့တဲ့အတွက် အဲဒီကာလတွင်းမှာ ဆရာ့အနေနဲ့ ဘာတွေလုပ်ဆောင်နိုင်မယ်လို မျှော်လင့်လဲခင်ဗျ?

ဖြေ – ဘာတွေမျှော်လင့်လဲဆိုတော့ ၂၀၂၀ရွေးကောက်ပွဲမှာ လူထုတွေက စားရင်းဇယားမှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်ကြဖို့မျှော်လင့်ပါတယ်၊

မေး – နောက်ဆုံးအနေနဲ့ ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် ဖြည့်စွက်ပြောချင်တာများ ရှိလားခင်ဗျ?

ဖြေ – ထူးထူးခြားခြားတော့မရှိပါဘူး၊ ခုနပြောသလို အစိုးရရဲ့ ယန္တရားပိုမိုလည်ပတ်နိုင်အောင် ဆောင်ရွက်သွားမှာပါ။

January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...