ချင်းပြည်နယ် ဝန်ကြီးအသစ် ဦးဖွေအားနှင့် တွေ့ဆုံခြင်း

ချင်းပြည်နယ် ဝန်ကြီးအသစ် ဦးဖွေအားနှင့် တွေ့ဆုံခြင်း

" အဓိကတော့ ၂၀၂၀ရွေးကောက်ပွဲအတွက်လည်း အကျိုးရှိမှာပါ"

ဝန်ကြီးဌာနအသစ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအတွက် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးဖွေအား နှင့် တွေ့ဆုံခြင်း

မေး – တိုးမြှင့်လိုက်တဲ့ ဝန်ကြီးဌာနအသစ်မှာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရတဲ့အပေါ် ဘယ်လိုခံစားရလဲခင်ဗျ?

ဖြေ – အဓိကတော့ အစိုးရရဲ့ယန္တရား ပိုပြီးတော့ လည်ပတ်နိုင်အောင် စီမံဆောင်ရွက်တဲ့ ကိစ္စလို့မြင်ပါတယ်။

မေး – ဆရာခန့်အပ်ခံရတဲ့ ဝန်ကြီးဌာနက အသစ်ဆိုတော့ ဆရာ့အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ ရှိလဲခင်ဗျ?

ဖြေ – ဌာနက လဝကရယ် အလုပ်သမားညွှန်ကြားရေးနှင့် ဆက်ဆံရေး ဆိုတော့ ကျွန်တော်တို့က ဒီလုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ ဟာမျိုးကိုဘဲ ဆောင်ရွက်သွားမှာပါ၊

မေး – ထပ်တိုးလိုက်တဲ့ ဝန်ကြီးဌာနကြောင့် အစိုးရရဲ့ လုပ်ဆောင်မှုပိုင်းမှာ ဘယ်လိုမျိုးတွေတိုးတက်လာမှာလဲဗျ?

ဖြေ – တိုးတက်လာမှာအများကြီးရှိပါတယ်၊ ပြောလို့မရတဲ့ အပိုင်းတွေလည်း အများကြီးရှိတာပေါ့၊ အဓိကတော့ ၂၀၂၀ရွေးကောက်ပွဲအတွက်လည်း အကျိုးရှိမှာပါ၊ လူဦးရေ စိစစ်တဲ့ အပိုင်းတွေမှာပေါ့၊ ချင်းပြည်နယ်အတွင်းမှာ ချင်းလူမျိုးတွေ သီးသီးသန့်သန့် နေရဖို့တွေလည်း ဆောင်ရွက်စရာတွေရှိမှာပေါ့၊ ကျနော်တို့က နယ်စပ်မှာဆိုတော့ တရားမဝင်ဘဲနဲ့ မှတ်ပုံတင်လုပ်တာတွေ ရှိနိုင်တဲ့အတွက် အဲဒါတွေကိုလည်း ကိုင်တွယ်ဖို့ရှိပါတယ်။

မေး – လက်ရှိအစိုးရသက်တမ်းက တစ်နှစ်ခွဲလောက်ဘဲ ကျန်တော့တဲ့အတွက် အဲဒီကာလတွင်းမှာ ဆရာ့အနေနဲ့ ဘာတွေလုပ်ဆောင်နိုင်မယ်လို မျှော်လင့်လဲခင်ဗျ?

ဖြေ – ဘာတွေမျှော်လင့်လဲဆိုတော့ ၂၀၂၀ရွေးကောက်ပွဲမှာ လူထုတွေက စားရင်းဇယားမှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်ကြဖို့မျှော်လင့်ပါတယ်၊

မေး – နောက်ဆုံးအနေနဲ့ ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် ဖြည့်စွက်ပြောချင်တာများ ရှိလားခင်ဗျ?

ဖြေ – ထူးထူးခြားခြားတော့မရှိပါဘူး၊ ခုနပြောသလို အစိုးရရဲ့ ယန္တရားပိုမိုလည်ပတ်နိုင်အောင် ဆောင်ရွက်သွားမှာပါ။

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...