Published
Monday, July 01, 2019
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၀၁၊ ၂၀၁၉)
ကယားပြည်နယ်မှာတော့ ပြည်နယ်အစိုးရကနေ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့ ကရင်နီလူငယ် ၆ ဦးကို ဖမ်းဆီးပြီး ပထမဆုံးအကြိမ် လွိုင်ကော်မြို့နယ် တရားရုံးမှာ စတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာတော့ အစိုးရစစ်တပ်ကနေ နှစ် ၂၀ ကျော်ကြာ သိမ်းဆည်းထားခဲ့တဲ့ မြေယာတွေပြန်လည်ရရှိဖို့ စုရုံးနေချိန်မှာ ဒု-တိုင်းမှူးက ဆန္ဒမပြဖို့ လာရောက်မေတ္တာရပ်ခံခဲ့ပါတယ်။
ကချင်ပြည်နယ်မှာတော့ မိုးရာသီရောက်ပြီဖြစ်သော်လည်း မြစ်ကြီးနားမြို့ ပလနကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ အင်ဂျန်းယန်စစ်ဘေးရှောင်ပြည်သူတွေဟာ ရေရှားပါးဒဏ်ကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။






