မြောက်ဦးမြို့တွင်ဘဏ်တစ်ခုသာဝန်ဆောင်မှုပေးနိုင်တော့၍ ငွေလွှဲငွေထုတ်ရာတွင် များစွာအခက်တွေ့နေ

မြောက်ဦးမြို့တွင်ဘဏ်တစ်ခုသာဝန်ဆောင်မှုပေးနိုင်တော့၍ ငွေလွှဲငွေထုတ်ရာတွင် များစွာအခက်တွေ့နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အင်တာနက်လိုင်းဖြတ်ထားသည့် အတွက် ဘဏ်တစ်ခုတည်းတွင်သာ ငွေလွှဲငွေထုတ်ပြုလုပ်နေရ၍ မြောက်ဦးမြို့ ဒေသခံတို့ များစွာအခက်တွေ့နေရသည်ဟု သတင်း ရရှိသည်။

အင်တာနက်လိုင်း ဖြတ်တောက်လိုက်သည့် နောက်ပိုင်း ပြည်သူများ အသုံးပြုနေသည့်  wave money နှင့် true money တို့ကိုလည်း အသုံးပြု၍ မရတော့ဟု သိရသည်။

သို့အတွက် ငွေလွှဲ ငွေထုတ်ရာတွင် တစ်တည်းသော ပုဂ္ဂလိက ဘဏ်ဖြစ်သည့် ကမ္ဘာ့ရတနာဘဏ်ကိုသာ အာကိုး နေကြရသည်ဟု မြောက်ဦးဒေသခံတို့က ပြောသည်။

အထက်တန်း ကျောင်းဆရာ တစ်ဦးဖြစ်သူ ဦးဇော်ထွန်းက “အခက်ကြုံနေရတာ အဓိက အကြောင်း အရင်းသုံးခုရှိပါတယ်။ ပထမ တစ်ချက်က KBZဘဏ်ကို ပိတ်ထားတဲ့အတွက်ကြောင့် လူတွေက ကမ္ဘာ့ရတနာဘဏ်ကိုဘဲ ဦးတည်လာနေကြရတယ်။ နောက်ပြီး အင်တာနက်လိုင်းတွေကို ပိတ်လိုက်တဲ့အခါ အရင်တုန်းက wave money, true money ကလွှဲနေတဲ့လူတွေကလည်း ငွေလွှဲလို့ မရတော့ ကမ္ဘာ့ရတနာဘဏ်ကိုဘဲ လာနေကြရတယ်။ ငွေပို့ ငွေလွှဲကလည်း အရင်ကထက် ပိုပြီးများလာတာရယ်။ အဲဒါကြောင့် လူတွေက ငွေထုတ် ငွေသွင်း အထူး အခက်အခဲ ဖြစ်နေကြရတာပါ” ဟု သူကပြောသည်။

ဒေသခံပြည်သူ အများစုက တစ်နေ့လုပ်မှ တစ်နေ့စားနေရသည့် အတွက် အဆင်မပြေမှုများရှိနေကြောင်း၊ လက်ရှိတွင် ဒေသမတည်ငြိမ်မှုကြောင့် မသွားရဲ မလာရဲ လုပ်ကိုင်စားသောက်ရန် အခက်ကြုံတွေ့ နေရသည့် အတွက် နိုင်ငံခြားသို့ ရောက်ရှိနေသူများထံမှ ငွေလွှဲ ငွေပို့မှာ ယခင်ကထက် ပိုမိုများပြားနေကြောင်း၊ သို့ အတွက် ဘဏ်တစ်ခုကို စုပြုံပြီး အသုံးပြုနေကြရသဖြင့် အခက်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်မြောက်ဦးဒေသခံ တစ်ဦးက “ကျနော့်အမြင်ကိုပြောရရင် ဘဏ်က တစ်မြို့လုံးမှာမှ တစ်ခုတည်း။  ငွေလာထုတ်တဲ့ လူတွေက အရမ်းများတယ်။ အဲဒီမှာ တစ်ခါ ဘဏ်ဝန် ထမ်းအင်အားက နည်းတော့ သူတို့လည်း လုပ်ရတာ လိုက်မမှီဘူး။ ငွေလာထုတ်သူတွေက တန်းစီးရတယ်။ တချို့ဆိုရင် အချိန်ကြာကြီး စောင့်ပြီး ငွေမထုတ်ခဲ့ရဘဲ အိမ်ပြန်သွားရတဲ့ သူတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ ညဉ့်အချိန်မြောက်ဦးမြို့တွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် လူနေအိမ်အချို့နှင့် ကမ္ဘာဇ ဘဏ်ကိုလည်း ကျည်ဆံထိမှန်ခဲ့ပြီး အဆိုပါနေ့မှ စ၍ ဘဏ်တွင် တပ်ထားသည့် CCTV ကင်မရာလည်း ပျောက်ဆုံးနေပြီး ဘဏ်ကိုလည်း ယနေ့အချိန်ထိ ပိတ်ထားကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...