ပြင်ယောင်းရွာပစ်ခတ်မှု အသေအပျောက်မရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူး အတည်ပြုပြောဆို

ပြင်ယောင်းရွာပစ်ခတ်မှု အသေအပျောက်မရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူး အတည်ပြုပြောဆို

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြင်ယောင်းရွာတွင် ဇွန်လ ၂၆ ရက်နေ့ ညနေက စစ်တပ်မှ ပစ်ခတ်မှု တစ်ချို့ရှိခဲ့သော်လည်း လူသေဆုံးမှု၊ ဒဏ်ရာရရှိမှု မရှိကြောင်း ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

 

ပြင်ယောင်းကျေးရွာတွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ရွာသား ၄ ဦးသေဆုံးပြီး သုံးလေးဦးခန့် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း လူမှုကွန်ယက် စာမျက်နာပေါ်တွင် သတင်းများပျံ့နှံ့နေသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက ထိုသတင်းအပေါ် ငြင်းဆိုသည်။

“ သေဆုံးတာမရှိပါဘူး။ တစ်ယောက်မှ သေဆုံးတာမရှိပါဘူး။ ဒီနေ့မနက်ကတည်းက စစ်ဆေးပြီးပါပြီ။ စစ်တပ်က ရွာထဲဝင်လာတော့ ရွာသားတွေ ရွာကနေထွက်ပြေးတဲ့အခါ ပစ်ခတ်မှု တစ်ချို့တော့ ရှိခဲ့ပါတယ်။ လူတွေကို ပစ်တာလား၊ မိုးပေါ်ခြောက်လှန့်ပစ်တာလား ကျွန်တော်လည်း မသိဘူး” ဟု အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောကြားသည်။

တစ်ခြားရွာသားတစ်ဦးဖြစ်သူ ဦးညီညီသို့ ဆက်သွယ် မေးမြန်းရာတွင်လည်း သေဆုံးထိခိုက် ဒဏ်ရာရရှိခြင်း မရှိဟု ပြောဆိုသည်။

“ စစ်တပ်က ရွာပြင်မှာနေတော့ ရွာသားတွေက ရွာအနောက်ဘက် သင်္ချိုင်းမှာကြောက်ပြီး ထွက်ပြေးပုန်းအောင်းနေကြတယ်။ စစ်တပ်က ရွာထဲကို ဝင်လာတော့ သင်္ချိုင်းမှာ ပုန်းနေတဲ့ လူတွေ ထွက်ပြေးကြတော့ စစ်တပ်က လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လက်နက်ကြီးသံလည်း ပေါက်တာ တစ်ခုကြားရတယ်။ ဒါပေမယ့် တစ်ယောက်ကိုမှ ထိတာ မရှိပါဘူး။ ဖြစ်တာက မနေ့ ညနေ ၄ နာရီခန့်မှာပါ” ဟု ပြောကြားသည်။

ထိသို့ ထွက်ပြေးကြရာ  ယေင်္ာကျား ၃ဝ ခန့်သည် အနီးအနားရှိ ပန်းမြောင်းရာသို့ ရောက်ရှိသွားခဲ့ကြပြီး ညအိပ်နေခဲ့ကြရသည်ဟု ပြင်ယောင်းရွာသား တစ်ဦးက နိရဥ္စရာသို့ ပြောဆိုသည်။

ထိုသို့ ရွာသားများ ကစဉ့်ကလျားထွက်ပြေးကြသဖြင့် ရွာသားတစ်ချို့ သေဆုံးမှုရှိကြောင်း လူမှုကွန်ယက်စာမျက်နာအပေါ် သတင်းများ ပျံ့နှံ့လာခဲ့သည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...