Published
Tuesday, June 25, 2019
မြန်မာဘာသာ အစီအစဉ် (ဇွန်လ ၂၄၊ ၂၀၁၉)
ထိုင်း-မြန်မာနယ်စပ်မှာရှိကြတဲ့ ဒုက္ခသည်တွေကို အခြေခံကူညီထောက်ပံ့မှုတွေ ပြန်လည်ထောက်ပံ့ပေးဖို့အတွက် ဥရောပသမဂ္ဂ EU အပါအဝင် ဗြိတိန်နိုင်ငံနဲ့ အလှူရှင်တွေကို ကမ္ဘာ့ဒုက္ခသည်များနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ကယားပြည်နယ်မှာတော့ အစိုးရတပ်မတော်က သိမ်းယူထားတဲ့ မြေယာပေါ်မှာ ကျေးရွာပေါင်း ၁၁ ရွာက ထွန်တုံးတိုက်ပွဲဆင်နွှဲပြီး ဝင်ရောက်စိုက်ပျိုးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေကို အမြန်ဆုံး တည်ဆောက်ပေးဖို့ စစ်ဘေးရှောင်တွေက တောင်းဆိုနေကြပါတယ်။






