ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှု ဆိုင်ကယ်မှောက်ခြင်းကြောင့်သာဖြစ် ထိုင်းရဲများပြော

ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှု ဆိုင်ကယ်မှောက်ခြင်းကြောင့်သာဖြစ် ထိုင်းရဲများပြော

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးသေဆုံးမှုဖြစ်စဉ်မှာ သျှမ်းလူငယ်အဖွဲ့မှ ဓါးဖြင့်လိုက်ခုတ်ခြင်းမဟုတ်၊ ၄င်းတို့ဆိုင်မောင်းကြမ်းရာမှ ချော်လဲကာ သေဆုံးရခြင်းဖြစ်ကြောင်း ထိုင်းရဲများထုတ်ပြန်ပါသည်။

ဇွန်လ ၁၈ ရက် မနက် ၃ နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ပရတူထာ့ဖဲမှ ၀ပ်ပါပေါက်ဘုန်းကြီးကျောင်း အထိ ဆာမူရိုင်းဓါးဖြင့်လိုက်ခံခုတ်ဖြတ်သဖြင့် ကျောင်းသား ၂ ဦးသေဆုံးသွား သည်ဟူသည့် ထိုင်းသတင်း ဌာနများ သတင်းရေးသားဖော်ပြခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းရဲများက စီစီတီဝီများ လိုက်လံကောက်ယူ စစ်ဆေး ခဲ့ပြီးနောက် သေဆုံးသူမှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးခြင်းဖြစ် ကြောင်း၊ သတင်းများထုတ်ပြန်နေ သကဲ့သို့ သျှမ်းလူငယ် ဆာမူရိုင်းအဖွဲ့မှ လိုက်လံခုတ်ဖြတ်ခြင်းမဟုတ်ကြောင်း ဇွန်လ ၁၈ ရက်ညပိုင်းက ထုတ်ပြန်သည်။

“ထိုင်းသတင်းဌာနတွေကို သတိပေးချင်ပါတယ်။ သတင်းရေးမယ်ဆိုရင် ပဋိပက္ခဖြစ်ပွါးစေမယ့်အရေးအသားအသုံးအနှုန်းတွေမရေးပါနဲ့လို့ တောင်းချင်ပါတယ်။ ခုဖြစ်သွားတာက စီစီတီဝီအရ ကျောင်းသားလေးတွေအချင်းချင်းဆိုင်ကယ်တိုက်မိပြီး ပွဲချင်းပြီးသေဆုံးတာပါ။ သေသူရဲ့ခန္ဓာကိုယ်ဆေးစစ်ချက်အရ ခုတ်ဖြတ်ဒဏ်ရာမရှိဘူးလို့ ဆေးရုံကအတည်ပြုပြောလာပါတယ်။ ဒါပေမယ့်ဒီအခင်းမှာပါတဲ့ သူတွေအားလုံးကိုလည်းစုံစမ်းစစ်ဆေးပြီးမှ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်သွားပါမယ် ”- ဟု ချင်းမိုင်နယူးစ် သတင်းဌာနထံပြောဆိုကြောင်း အဆိုပါသတင်းဌာနကပင် သတင်းရေးသားထုတ်ပြန်ပါသည်။

ကျူးလွန်သူအား ဖမ်းမိနိုင်ရေးအတွက် ဇွန်လ ၁၈ ရက်ညပိုင်းက ထိုင်းရဲအင်အား ၆၀ ခန့် ဖြန့်ကျက်စစ်ဆေးမှုပြုလုပ်ရာတွင် အဆိုပါ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းသားလေးများ ၆ ဦး အား ဓါး ၂ လက်နှင့်အတူ မယ့်ပင်းသံတံတား (ဆဖန်းလိတ်) တွင် ထိုင်းရဲများဖမ်းဆီးရမိခဲ့သည်။ ကျောင်းသား ၂ ဦးသေမှုသေခင်းတွင်ပတ်သက်ခြင်းရှိမရှိကိုမူ စစ်ဆေးမှုပြုနေကြောင်း ထိုင်းရဲက ထုတ်ပြန်ပါသည်။

ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ အလုပ်သမားများအရေးဆောင်ရွက်နေသူများကလည်း အဆိုပါဖြစ်စဉ်အား စုံစမ်းလေ့လာနေဆဲဖြစ်ပြီး အရေးအခင်းတွင် သျှမ်းလူငယ်များ လုံးဝပါ၀င်ပတ်သက်မှုမရှိခဲ့ပါက ချင်းမိုင်နယူးစ် ၊ ထိုင်းရတ် သတင်းဌာနများသို့ သတိပေးစာ ရေးသားပေးပို့သွားမည်ဖြစ်ကြောင်း ပြောဆိုပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...