မူဝါဒချင်းတူ၍ APP နှင့် ALD ပူးပေါင်း

မူဝါဒချင်းတူ၍ APP နှင့် ALD ပူးပေါင်း

ရခိုင်မျိုးချစ်ပါတီ(APP) အား ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်ကြောင်း ကြေညာပြီးနောက် ၎င်းပါတီသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) နှင့် ပေါင်းစည်းသွားခဲ့သည်။

ထိုသို့ ပေါင်းစည်းခြင်းမှာ မူဝါဒချင်းတူညီ၍ ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးကျာ်မြင့်က “ပူးပေါင်းတာကတော့ နည်းနည်းကြိုပြီးတော့ သဘောတူ ထားပြီးမှ အဲလို ပူးပေါင်းမယ်ဆိုတာပြောပြီးသားဖြစ်တယ်။ APP ကို ကော်မရှင်က ဖျက်သိမ်းခွင့် ပေးလိုက်ပြီးတော့ ALD နဲ့ပေါင်းဖို့ပေါ့။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ဘာမှကမ်းလှမ်းတာမရှိဘူး။ ဒီအတိုင်း မူဝါဒချင်းတူလို့ ပူးပေါင်းတာဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်မျိုးချစ်ပါတီ(APP) အား မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ  ကြေညာချက်အမှတ် (၈၈/ ၂ဝ၁၉) ဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာသည်။

ရခိုင်မျိုး ချစ်ပါတီမှ တာဝန်ရှိသူ တစ်ဦဖြစ်သူ ဦးခင်မောင်ထွန်းက “ ဟုတ်ပါတယ်။ ကျနော်တို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံရေး ပါတီ မှတ်ပုံတင်ထားရာကနေ ပယ်ဖျက်ပေးဖို့ တင်ပြတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ဖျက်ပေးတယ်။ ဒါကြောင့် ပါတီကို ဖျက်သိမ်းပြီး ALD နဲ့ ပူးပေါင်းလိုက်ပါတယ်။ ရှေ့ဆက် ဘယ်လို ဆက်သွားမယ်။ မြို့နယ်တွေကို ဘယ်လို  စည်းရုံးမလဲဆိုတာကတော့ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို  ဆွေးနွေးဖို့ပဲ ကျန်တယ်။  ALD က အလုပ်မှုဆောင်ကော်မတီနဲ့ ဆွေးနွေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပါတီနှစ်ခုစလုံးသည် ရခိုင်အမျိုးသားပါတီအား ပူးပေါင်း တည်ထောင်စဉ် အစပိုင်းတွင် ပါဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် ပါတီတွင်း အားပြိုင်မှုများကြောင့် ပါတီမှ လမ်းခွဲကာ APP နှင့် ALD တို့ကို ပြန်လည် ထူထောင်ခဲ့ကြခြင်း ဖြစ်သည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...