Published
Monday, June 10, 2019
ရခိုင်ဘာသာ အစီအစဉ် (ဇွန်လ ၀၉၊ ၂၀၁၉)
ရခိုင်ပြည်နယ်က မြို့နယ် ၅ ခုမှာ စစ်ဘေးရှောင်စခန်းတွေဆောက်လုပ်ပေးဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။ အဲဒီမြို့နယ်တွေထဲမှာ ကျောက်တော်မြို့နယ်ကတော့ မပါဝင်ပါဘူး။
ပုဏ္ဏားကျွန်းမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၇ ယောက်သေဆုံးပြီး ၁ဝ ယောက်ကျော်ဒဏ်ရာရှိခဲ့ပါတယ်။
ကျောက်တော်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ လောက်ဟာ သူတို့ရဲ့တာဝန်ကနေ နုတ်ထွက်စာတင်လိုက်ကြတာ ဘာကြောင့်လဲ။






