ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင်မြို့ခံတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို

ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင်မြို့ခံတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို

ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင်မြို့ခံတစ်ဦးက တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့ခံလည်းဖြစ်၊ ရခိုင်လူငယ်ညီလာခံမူဝါဒဖော်ဆောင်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ကိုမင်းသိဏ်းဇံသည် ဇွန်လ ၈ ရက် ယနေ့ နံနက် ၈ နာရီမှစ၍ ၉ နာရီအချိန်ထိ ဘူးသီးတောင်မြို့ကိုလှည့်လည်ကာ တစ်ကိုယ်တော်ဆန္ဒပြကြွေးကြော်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တောင်းဆိုချက်များတွင် ရခိုင်ပြည်နယ်၏ နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့် အဖြေမရှာဘဲ နှစ်ဖက်တွေ့ဆုံစေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန်၊ တိုက်ပွဲကာလ အတွင်း လူ့အခွင့်အရေးချိုးဖောက်နေမှုများအား ရပ်တန့်ပေးပြီး ချိုးဖောက်သူများကို တရားဥပဒေအရ ပြတ်သားစွာ အရေးယူဆောင်ရွက်ရန်၊ တိုက်ပွဲရှောင်ဒုက္ခသည်များ မူလနေရပ်ပြန်လည်သွားရောက်နေထိုင်နိုင်ရေးနှင့် ဆုံးရှုံးနစ်နာမှုများကို မူလအတိုင်းပြန်လည်ပေးအပ်ရန် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန်စသည့်အချက်များအပါအဝင် အချက် ၇ ချက်ကို ထည့်သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကတော့ ဒီစစ်ဘေးရှောင်တွေအတွက် အချက်နည်းနည်းနဲ့ ဒီစစ်တွေမှာ ဖမ်းဆီးခံထားရတဲ့ ရဲကျော်သူအပါအဝင် လူငယ် ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ အဲဒါတွေတောင်းဆိုတာပါ။ အစိုးရအနေနဲ့လည်း တစ်စုံတစ်ခုဖြစ်ဖြစ် စဉ်းစားဆုံးဖြတ်ဆောင်ရွက်ပေးသွားမယ်လို့ ထင်ပါတယ်။” ဟု တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုသူ ကိုမင်းသိဏ်းဇံက နိဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄ သောင်းကျော်အထိ ရှိလာနေပြီး ၎င်းတို့အတွက် လုံလောက်သည့် ထောက်ပံ့ကူညီမှုမျိုးကို အစိုးရက ဆောင်ရွက်ပေးခြင်းမရှိသေးဟုလည်း ၎င်းက ဆိုသည်။

ပြန်လွှတ်ပေးရန်တောင်းဆိုခံခဲ့ရသည့် လူငယ် ၄ ဦးမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက စစ်တွေမြို့တွင် စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံး သေနတ်ဖြင့် လုပ်ကြံခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသူများဖြစ်ကြသည်။

ယနေ့ပြုလုပ်ခဲ့သည့် တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုခြင်းကို ဒေသအာဏာပိုင်များထံ တရားဝင်ခွင့်ပြုချက်တင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...