ဘင်္ဂလာဒေ့ရှ်ရဲ ပစ်ခတ်၍ ဒုက္ခသည် ပြန်ပေးသမား ၃ ဦး သေဆုံး

ဘင်္ဂလာဒေ့ရှ်ရဲ ပစ်ခတ်၍ ဒုက္ခသည် ပြန်ပေးသမား ၃ ဦး သေဆုံး

ဘင်္ဂလာဒေ့ရှ် ရဲ၏ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင် ဒုက္ခသည်နေထိုင်ရာ လေဒါစခန်းမှ ပြန်ပေးသမား ၃ ဦးသေဆုံးသွားကြောင်း ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် သတင်းဖော်ပြသည်။

သေဆုံးသွားသူ ၃ ဦးသည် ဒုစရိုက်လောကသမားများနှင့် အဆက်အသွယ်ရှိသူများ ဖြစ်ကြပြီး   ဘင်္ဂလာရဲတပ်ဖွဲ့မှ ပြန်ပေးဆွဲခံရသည့် တက်ကနက်မြို့နယ် လေဒါ ဒုက္ခသည် စခန်းမှ ကလေးငယ်ကို ကယ်တင်ရန် ပြုလုပ်သည့် ရဲတပ်ဖွဲ့ စစ်ဆင်ရေး တစ်ခုတွင် ရဲက ပစ်ခတ်၍  ၎င်းတို့ ၃ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

၎င်းဖြစ်ရပ်မှာ  သောကြာနေ့ မနက် အစောကြီးတွင် တက်ကနက်မြို့နယ်၊ နီလာတိုက်နယ်၊ လေဒါ ဒုက္ခသည်စခန်း၏ တောင်ပေါ်တွင် ဖြစ်ပွားခဲ့သည်ဟု တက်ကနက်မြို့ ရဲအရာရှိ OC Pradeep Kumar Saha ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

သေဆုံးသွားသူ ၃ ဦးမှာ အိုကီးယား ထန်းခါလီ စခန်းမှ Shamsu Alam (၃၅) နှစ်နှင့်  Nur Alam (၂၁) နှစ်၊ တက်ကနက်မြို့နယ် လေဒါ ဒုက္ခသည် စခန်းမှ Mohammed Habib (၂ဝ) နှစ် တို့ ဖြစ်ကြသည်။

၎င်းတို့မှာ အဖွဲ့ဝင်များ ပြန်ပေးဂိုဏ်း တစ်ခုမှ အဖွဲ့ဝင်များ ဖြစ်ကြပြီး လေဒါစခန်းမှ အသက်သုံးနှစ် အရွယ် ကလေးငယ် တစ်ဦးအား လွန်ခဲ့သည့် ရက်အနည်းငယ်က ပြန်ပေးဆွဲသည်ဟု ရဲက ပြောသည်။ ၎င်းတို့ပြန်ပေးသမားများသည်  ပြန်ပေးငွေ တာကာ ၅ သိန်းကို  ကလေးငယ်၏ မိဘများထံမှ တောင်းခံခဲ့သည်။

ကလေးငယ်အား ဓားစားခံ အဖြစ် လေဒါဒုက္ခသည် စခန်းနောက်ဘက် တောင်ပေါ်တွင် ထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သောကြာနေ့  အချိန်အနည်းငယ်အတွင်း ၎င်းစီးနင်းမှုကို ပြုလုပ်ခဲ့သည်ဟု သတင်းတွင် ရေးသားဖော်ပြသည်။

ပြန်ပေးသမားများက ၎င်းနေရာသို့ ရဲတပ်ဖွဲ့ ရောက်လျင်ရောက်ခြင်း  စတင်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့က ပြန်လည် ပစ်ခတ်ခဲ့ရသည်။

ပစ်ခတ်ပြီး သွားသောအခါ ရဲတပ်ဖွဲ့မှ ကလေးငယ်အား တစ်စုံတစ်ရာ ဒဏ်ရာ အနာတရ မရဘဲ ကယ်တင်နိုင်ခဲ့သည်။  ရဲတပ်ဖွဲ့ သေနတ်ဒဏ်ရာဖြင့် ပြန်ပေးသမား ၃ ဦးကို မြေကြီး တွင် လဲ၍ တွေ့ရသည်ဟု ဆိုသည်။ ကော့စ်ဘဇားဆေးရုံသို့ ချက်ချင်း ယူဆောင်ရာ တာဝန်ကျ ဆရာဝန်က သူတို့ သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာသည်။

ရဲသုံးယောက်လည်း ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ အခင်းဖြစ်ပွားရာနေရာမှ သေနတ်သုံးလက်နဲ့ ကျည်ဆံ ၈ တောင့် သိမ်းဆည်းရမိသည်ဟု ဆိုသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...