စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်တိုးရတနာယာဉ် မတော်တဆမှုဖြစ်၊ စပယ်ယာသေဆုံး

စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်တိုးရတနာယာဉ် မတော်တဆမှုဖြစ်၊ စပယ်ယာသေဆုံး

စစ်တွေ- ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင် တိုးရတနာယာဉ်သည် ယမန်နေ့က မကွေးတိုင်းထဲတွင် မတော်တဆဖြစ်မှုကြောင့် စပယ်ယာတစ်ဦး သေဆုံးသွားကြောင်းသတင်းရရှိသည်။

ဇွန်လ ၅ ရက်နေ့က ခရီးသည် ၄၀ ကျော်အားတင်ဆောင်ပြီး စစ်တွေမှ ရန်ကုန်သို့ထွက်ခွာသွားသည့် တိုးရတနာယာဉ်သည် မကွေးတိုင်း မင်းတုန်းမြို့နယ် မိုးနတ်ရွာအလွန် မိုင်တိုင်အမှတ် ၁၅၆ အနီးတွင် ၁၂ ဘီးယာဉ်တစ်စီးအား မတော်တဆ နောက်မှ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တိုးရတနာယာဉ်လိုင်းမှ ယာဉ်မောင်း ကိုထွန်းဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သူက “မနေ့ကည ဆယ့်တစ်နာရီ လောက်ရှိမယ်ထင်ပါတယ်။ ကုန်ကားတစ်စီးက ရှေ့ကနေသွားတယ်။ တိုးရတနာကားက နောက်ကဆိုတော့ လမ်းတောင်းပြီးကျော်တက်တာမှာ တိုက်မိတာလို့ ပြောပါတယ်။ တိုက်မိတဲ့ အချိန်မှာ စပယ်ယာက ကားခေါင်းကအလွတ်ဆိုတော့ သူဆုံးသွားတယ်လို့ သိရပါတယ်။” ဟုပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ခရီးသည်များတစ်စုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး တိုးရတနာယာဉ်လိုင်းပိုင်ရှင် ကိုညီညီအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ မတော်တဆဖြစ်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ ကုန်ကားတစ်စီးနဲ့ မတော်တဆဖြစ်တာ။ ဘယ်လိုဖြစ်တယ်၊ ဘယ်အချိန်ဖြစ်လဲဆိုတာ မသိရသေးဘူး။ အဲဒါကို ရောက်မှသိမယ်”ဟု သူက ဆိုသည်။

သေဆုံးသွားသည့် စပယ်ယာအမည်အား ဆက်လက်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ပြောပြ၍မရနိုင်ကြောင်း ဖြေကြားသွားသည်။

ဇွန်လ ၃ ရက်နေ့တွင်လည်း စစ်တွေနှင့် ရန်ကုန်သို့ပြေးဆွဲနေသည့် ကစ္ဆပ ခရီးသည်တင် ယာဉ်တစ်စီး မကွေးတိုင်းအတွင်းတွင် လမ်းချော်တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

Most read this week

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...