သရုပ်ဆောင် နေထက်လင်းနှင့်ဝေဠုကျော်တို့ စစ်ဘေးရှောင်များကိုလာရောက်ကူညီ

သရုပ်ဆောင် နေထက်လင်းနှင့်ဝေဠုကျော်တို့ စစ်ဘေးရှောင်များကိုလာရောက်ကူညီ

သရုပ်ဆောင်နေထက်လင်းနှင့်ဝေဠုကျော်တို့ ဦးဆောင်၍ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီ ထောက်ပံ့ရေးပေးနေကြောင်းသတင်းရရှိသည်။

ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာရှိ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံလျက်ရှိသော စစ်ဘေးရှောင် ဒုက္ခသည် တစ်ထောင်ကျော်အား အကူအညီ လာရောက်ပေးခဲ့သည်။

“ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်တို့အား ဆန်အိတ် ၄၀ ကျော်၊ငပိ၊ ငခြောက်နှင့် အဝတ်အထည် များကို ကူညီပေးခဲ့ပါတယ်” စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပေါက်တောပြင် ကျေးရွာတွင် ကြက်စင်တလင်း၊ ရဟတ်တောင်၊ ဂန့်ဂါ၊ အဘောင်တော်၊ ပိုးရွှီပြင်၊စေတီပြင်၊ ကန်ချောင်းကျေးရွာနှင့်ဖောင်ဆိပ်ကျေးရွာတို့မှ လူပေါင်း ၁၀၀၀ ကျော်တို့သည် ရက္ခိုင်တပ်တော် (AA)နှင့်မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲကြောင့် ပေါက်တောပြင် ဘုန်ကြီးကျောင်းတွင် ခေတ္တရှောင်တိမ်းရန် ရောက်ရှိနေကြသူများ သူများဖြစ်သည်။ ေ

ယခု ကူညီမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်များအရ လာရောက် ကူညီထောက်ပံ့ ပေးခဲ့ကြကြောင်းသိရသည်။

စစ်ဘေးရှောင် ထောက်ပံ့ရေး နှင့်ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ(ရန်ကုန်)က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နှင့်ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဇွန်လ ၄ ရက် ၅ ရက်နေ့က ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...