ဖားကန့် ကျောက်ကုမ္ပဏီနှင့် ဒေသခံ တင်းမာမှု အာဏာပိုင်များ လစ်လျူရှု့ဟုဆို

ဖားကန့် ကျောက်ကုမ္ပဏီနှင့် ဒေသခံ တင်းမာမှု အာဏာပိုင်များ လစ်လျူရှု့ဟုဆို
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် ဆိုင်းဂျာဘွမ် ရွာသားများသည် အအေးဒဏ် နေပူဒဏ် နှင့် ဖုန်တောထဲ ၁၀ ရက်ကျော်ကြာ ဆန္ဒပြကြနေဆဲ ဖြစ်သော်လည်း သက်ဆိုင် ကျောက် ကုမ္ပဏီ၊ အစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ မှ သဘောတူ စာချုပ်ပါအတိုင်း ပြေလည်အောင် မဖြေရှင်းနိုင်မှု ပေါ် စီတ်ပျက်မိကြောင်း ဒေသခံ ဆရာမ ကိုင်ရာ (Kai Ra) ကပြောကြားသည်။

“ဘာဖြစ်လို့ သူတို့တွေ ကျမတို့ကို ပစ်ထားလဲ ဆိုတာ နားမလည်နိုင်ဘူး။ အခုဆို ၆ လကျော်သွားပြီ။ အရမ်း အံသြတယ်။ အဲကြောင့် အခု ကျမတို့ကို ကူညီပေးနိုင်မယ့် သူကိုပဲ မျှော်လင့်နေပါတယ်။” ၎င်းကဆိုသည်။

 ရွာသားများသည် နှင့် သဘောတူညီချက်ကို ကျောက်ကုမ္ပဏီဘက် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒပြ တောင်းဆိုမှုကို သက်ဆိုင်ရာ အာဏာပိုင်များ အမြန်ဖြေရှင်းပေးရန် ဒေသခံများ လိုလား နေကြသည်။

ကျောက်ကုမ္ပဏီများမှ ဆိုင်းဂျာဘွမ် (Seng Ja Bum) ရွာသားများကို လျှော်ကြေးငွေအဖြစ် သိန်း တစ်သောင်း တစ်ထောင် ရှစ်ရာ (သိန်း ၁၁၈၀၀) ပေးရန် သဘောတူထားကြောင်း သိရသည်။ သို့သော် ယခု ခြောက်လ ကျော်သည့်တိုင် လစ်လျူရှု ခံနေရသော ကြောင့် ဒေသခံများ တုံ့ပြန် ဆန္ဒပြခြင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှ စပြီး ယနေ့ထိ ကုမ္ပဏီ ၁၂ ခု၏ မြေဇာသယ် ကားလမ်းကို ပိတ်ပင် တားဆီး ထားပါသည်။

ဆန္ဒပြပြီး နောက်ပိုင်း ကုမ္ပဏီဘက်က သိန်း ငါးထောင် လေးရာ (သိန်း ၅၄၀၀) သာ ပေးနိုင်ကြောင်း ပြောဆိုလာပြီး ၎င်းကမ်းလှမ်းမှုကြောင့် ဆိုင်းဂျာဘွမ် (Seng Ja Bum) ရွာသားတွေကြား ၂ ခြမ်း ကွဲလာနေသည်ဟု ဆရာမ ကိုင်ရာ (Kai Ra) ထပ်ပြောသည်။

“တချို့ တိုင်းရင်းသား ဗမာတွေက အဲလောက်နဲ့ပဲ ကျေအေးဖို့ ဆန္ဒပြတာ ဖျက်သိမ်းဖို့ ပြောတယ်။ မူလ ဒေသခံ တွေက အဲလိုတော့မရဘူး သူတို့ သဘောတူ ကတိပေးထားတဲ့အတိုင်း ဖြစ်ရမယ် ဆိုပြီး ၂ ခြမ်းကွဲ ပြဿနာ တက် စကားများမယ့် အခြေနေ ဖြစ်နေတယ်”

ကုမ္ပဏီများမှ စရံငွေအဖြစ် သိန်း တစ်ထောင်ကျော် ပေးထားပြီ ဖြစ်ကြောင်း လည်း သိရသည်။

ရွာသားများ မူလ မြေစာသယ် လမ်းကြောင်းကို လမ်းပိတ်ဆန္ဒပြ နေသည့်ကြား ကျောက်ကုမ္ပဏီများက မူ အခြား လမ်းကြောင်း အသုံးပြုပြီး လုပ်ငန်း ဆက်လုပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် အခြေအနေ တင်းမာလာလျှင် အဆိုပါ လမ်းကြောင်းကိုပါ ပိတ်ပင်မည်ဟု ဒေသခံများ ပြောပါသည်။

ယခု ပြဿနာကို ဖားကန့် NLD အစိုးရမှ လည်း ကောင်းမွန်စွာ မဖြေရှင်းနိုင်သေးပါဘူး။

ဒေသခံ အများစုကမူ ယခုကိစ္စမှာ ဖားကန့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူများ ဝင်ရောက် ပြောဆိုပေးလျှင် အဆင်ပြေမည်ဟု ယုံကြည် နေကြပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...