လူသား ဒိုင်း အဖြစ် မုံးကို စစ်ပြေးဒုက္ခသည် ၃၀ ကျော် ထပ်မံ ဖမ်းဆီး ခံရ

လူသား ဒိုင်း အဖြစ် မုံးကို စစ်ပြေးဒုက္ခသည် ၃၀ ကျော် ထပ်မံ ဖမ်းဆီး ခံရ
by -
ကေအဲန်ဂျီ
နေ့စဉ် တိုက်ပွဲ ပြင်းထန်နေသည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကို စစ်ပြေး ဒုက္ခသည် ၃၀ ကျော်ကို ‘လူသား ဒိုင်းများ’ အဖြစ် မြန်မာ အစိုးရတပ်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှာ ထပ်မံ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံများ အဆိုအရသိရသည်။

မျက်မြင်သက်သေ တဦး၏ ကချင် သတင်း ဌာန KNG ကို ပြောပြချက်အရ ၎င်းတို့သည် မုံးကိုမြို့ နမ်ဟာကျေးရွာမှ ပလောင် (တအောင်း) လူမျိုးများ ဖြစ်ကြပြီး တရုတ်နယ်စပ် စစ်ပြေးဒုက္ခသည်စခန်းသို့ ဦးတည် ထွက်လာစဉ် နယ်စပ် လယ်တောတွင် အစိုးရ စစ်ကြောင်းမှ ဖမ်းဆီးပြီး မုံးကို ဗျူဟာကုန်းသို့ ခေါ်ဆောင်သွားသည်ဟု ဆိုပါသည်။

ယခုအချိန် မြန်မာစစ်တပ် တပ်မ ၉၉ ရှိသည့် ဗျူဟာကုန်းတွင် လူသား ဒိုင်းများ အဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ကချင်၊ ပလောင် တိုင်းရင်းသား ဓါးစာခံ ၁၀၀ ခန့် ရှိမည်ဟု ဆိုသည်။

၎င်းတွင် ဓါးစာခံ ရ၀ ခန့်ကို နိုဝင်ဘာ ၂၀ ရက်နေ့ ကချင် (KIA)၊ ကိုးကန့် (MNDAA)၊ ပလောင် (တအောင်း) TNLA နှင့် ရခိုင် (AA) စသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့နှင့် ဖွဲ့စည်းသော Northern Alliance (Burma) ဟု ခေါ်သည့် မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု နှင့် တိုက်ပွဲ စတင်ဖြစ်ပွားလာချိန်မှ ဖမ်းဆီးထားခြင်းဖြစ်သည်။

သူတို့ကို မုံးကိုးမြို့ ရပ်ကွက် ၆ နောင်ခမ်းရွာ သတိုးသမီး အပ်နှင်းပွဲမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဓါးစာခံများတွင် အသက်ကြီးသူများ၊ အမျိုးသမီးများ နှင့် ကလေးများသည် အများစု ဖြစ်သည်ဟု ပြောပါသည်။

မုံးကို ဗျူဟာကုန်း မြန်မာစစ်တပ်က ဓါးစာခံ ပြည်သူများကို ‘လူသား ဒိုင်းများ အဖြစ်’ မုံးကိုမြို့အတွင်းနှင့် ပတ်ဝန်းကျင် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများတွင် ခေါ်ဆောင်နေပြီး အချို့ကို စစ်ဝတ်စုံ ၀တ်ခိုင်းကြောင်း မျက်မြင်သက်သေများ ဆိုပါသည်။

မုံးကိုမြို့ခံ တဦးက “မနေ့ည ကလည်း အရပ်သား ဓါးစာခံ ၁၀ဦးခန့်ကို ခေါ်ပြီး ထွက်လာတယ်၊ စစ်သား ၄၊ ၆ဦးခန့်မှာ အရပ်သား ဓါးစာခံ ၁၅၊ ၂၀ ဦးခန့်ကို ခေါ်ဆောင်နေကြ လုပ်နေတယ်။ ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ဖို့ ခက်နေတယ်။”

မဟာမိတ် တပ်ပေါင်းစုမှ ထိန်းချုပ် ထားသည်ဟု ယူဆ ရသော ရှမ်းပြည်မြောက်ပိုင်း မုံးကိုမြို့နှင့် ပတ်ဝန်းကျင်ကို မြန်မာ စစ်တပ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး နိ၀င်္ဘာလ၃၀ရက် တွင်လည်း ဂျက်တိုက်လေယာဉ်များ ၁၀ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...