ဆိုင်းဂျာဘွမ် ဒေသခံများ ကျောက်ကုမ္ပဏီ များကို လမ်းပိတ် ဆန္ဒပြ

ဆိုင်းဂျာဘွမ် ဒေသခံများ ကျောက်ကုမ္ပဏီ များကို လမ်းပိတ် ဆန္ဒပြ
by -
ကေအဲန်ဂျီ
ဖားကန့် ဆိုင်းဂျာဘွမ် ဒေသခံများ နှင့် ကျောက်ကုမ္ပဏီတို့ကြား သဘောတူညီချက်ကို ကုမ္ပဏီများဘက်က ပျက်ကွက်ခဲ့သည် အပြင် အနိုင်ကျင့်မှုများ ရှိနေသောကြောင့် ဒေသခံများမှ နိုဝင်ဘာ၂၂ ရက်နေ့တွင် မြေစာသယ် လမ်းကြောင်းကို ပိတ်ပင် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ကုမ္ပဏီ ၁၂ ခု အသုံးပြုနေသော မြေစာသယ် ကားလမ်းကို ဒေသခံများက ဝါးလုံးများနဲ့အခိုင်အမာ တားဆီး ပိတ်ပင်ထားပြီး သဘောတူညီချက်ကို ကုမ္ပဏီများဘက်က အမြန်ဆုံး ဖော်ဆောင်ပေးမှ လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း ဖားကန့် လူမှုအစည်းအရုံး အတွင်းရေးမှု ဦး ဒရှီနော်လောန် က ပြောသည်။

ဆိုင်းဂျာဘွမ် ဒေသခံများ၏ ကျေးရွာနယ်မြေတွင်း မိုင်းများအသုံးပြု၍ ကျောက်မျက် တူးဖော်ခဲ့ကြပြီး ကျောက်မျက်တူးဖော်ရန် ကုမ္ပဏီများမှ သိန်းတစ်သောင်းကို လျှော်ကြေးအဖြစ် ပေးရန် သဘောတူထားပြီး ဖြစ်သော်လည်း လက်ရှိ သိန်း တစ်ထောင်သာပေးပြီး ကျန်ရှိ လျှော်ကြေးများကို မလိမ့်တပတ်လုပ်လျစ်လျူရှုထားသဖြင့်
ယခုကဲ့သို့ လမ်းပိတ် ရခြင်း ဖြစ်သည်ဟု ဦးနော်လောန်က ဆက်ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုသည် တရားမဝင်သဖြင့် အရေးယူနိုင်သည်ဟု ဖားကန့် အုပ်ချုပ်ရေးမှုးမှ လာရောက ်ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဒေသခံများဘက်က ကုမ္ပဏီများကို အရင် တရားစွဲသင့်သည်ဟု အုပ်ချုပ်ရေးမှုးကို ပြန်လည်ပြောဆိုခဲ့သည်ဟု ပြောသည်။

သက်ဆိုင်ရာ NLD အစိုးရ မှလည်း ယခု ကိစ္စအတွက် ဒေသခံ ပြည်သူ များဘက် ရပ်တည်ပြီး ဖြေရှင် ပေးမှု မရှိသေးကြောင်း ပြောသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...