ဘူးသီးတောင်မြို့နယ် သုံးဆယ့်တစ်ဘုံစေတီတွင် လက်နက်ကြီးကျရောက်၍ ပြိုပျက်မှုတစ်ချို့ရှိ

ဘူးသီးတောင်မြို့နယ် သုံးဆယ့်တစ်ဘုံစေတီတွင် လက်နက်ကြီးကျရောက်၍ ပြိုပျက်မှုတစ်ချို့ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံဂိုထောင်ကျေးရွာရှိ သုံးဆယ့်တစ်ဘုံစေတီတော်ကြီးတွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဘုရားဆင်းထုတော်များ ပျက်စီးမှုများရှိကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်၊ အရှေ့တောင်ဘက်ပိုင်း စံဂိုထောင်အုပ်စုနှင့် ကျောက်ရန်အုပ်စု အကြားတွင် မတ်လ ၁၉ ရက်နေ့ ညဉ့် ၈ နာရီကျော် အချိန်က မြန်မာအစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၂၀ ရက်နေ့ ထိ လက်နက်ကြီး ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ရွာသားများက ပြောသည်။

“ မတ်လ ၂၀ ရက်နေ့ ညနေ ၂ နာရီ ၃ နာရီလောက်ကနေစပစ်တာ တညဉ့်လုံးပစ်နေတာ။ စပါးထားကျေးရွာ အနီး မင်းတက်တောင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ ကွမ်းတောင်နဲ့ စပါးထားကြား အဲ့ဒီနေရာကို အဓိကတော့ ၅၅၁ တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ဆိုတော့ လက်နက်ကြီးက သုံးဆယ့်တဘုံမှာကျတယ်”ဟု ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မတ်လ ၂၀ ရက်နေ့က တညဉ့်လုံးပစ်ခတ်ပြီး သျှသျှားတောင်ကျေးရွာ ဒေါ်မဲမတုံ အိမ်ခေါင်မိုးပေါ်၌ လက်နက်ကြီး ကျလို့ပေါက်ကွဲပြီးခေါင်မိုးတွေပွင့်ထွက်သွားခဲ့ကြောင်း၊ခေါင်မိုးပေါ်ကျရောက်ပေါက်ကွဲကာ လူအိပ်နေသည့် အိပ်ရာပေါ်သို့ အစအနများကျလာပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

image.png

“သူတို့က ၂၀ ရက်နေ့တညဉ့်လုံးပစ်ခတ်ပြီး သုံးဆယ့်တဘုံ စေတီမှာကျနေတာတော့သိတယ်။ အဲဒီနောက်ပိုင်း စစ်တပ်က နေရာယူထားတော့ ဘုရားပေါ် မတက်ရဲကြဘူး။ မနေ့ကတော့ စစ်တပ်က ဘုရားတောင်က ဆင်းသွားကြတယ်။ သူတို့ဆင်းသွားတဲ့ အချိန်ရွာသားတွေနဲ့ ညနေပိုင်း တက်ပြီး ကြည့်တဲ့အချိန်မှာ ဘုရားဆင်းထုတော်တွေ ပြိုလို့တွေတာပါ”ဟု ဦးအောင်သောင်းရွှေကပြောသည်။

သုံးဆယ့်တစ်ဘုံဘုရားပေါ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဘုရားဂေါပက အဖွဲ့ဝင်များလည်း အကုန်ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ အနီးမှ ဒေသခံများ နီးစပ်ရာကျေးရွာများနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေး နေကြသူများလည်း ရှိနေကြာင်း သိရသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...