စည်တောင်ရွာမှ ဒဏ်ရာရသူ ၉ ဦးထဲမှ ဒဏ်ရာပြင်းထန်သူအမျိုးသမီး ၂ ဦးကို ICRC မှ စပိဘုတ်ဖြင့် စစ်တွေသို့ ယူဆောင်

စည်တောင်ရွာမှ ဒဏ်ရာရသူ ၉ ဦးထဲမှ ဒဏ်ရာပြင်းထန်သူအမျိုးသမီး ၂ ဦးကို ICRC မှ စပိဘုတ်ဖြင့် စစ်တွေသို့ ယူဆောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှ မတ်လ ၂၁ ရက်နေ့က ကျည်ဆံထိမှန် ပြီး ဒဏ်ရာ ရရှိသူ ၉ ဦးထဲမှ ဒဏ်ရာ ပြင်းထန်သူ အမျိုးသမီး ၂ ဦးကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ ( ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပူးပေါင်းအဖွဲ့မှ စပိဘုတ်ဖြင့် ယနေ့နံနက်က စစ်တွေသို့ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီး ၂ ဦးမှာ စည်တောင်ကျေးရွာမှ ဒေါ်တင်အေးသိန်း (၄၁) နှစ် (ဘ) ဦးမောင်စောနှင့် မစိုးနန်းခင် (၁၇) နှစ် (ဘ) ဦးကျော်ရွှေ ဖြစ်ကြောင်း သိရသည်။

စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အမျိုးသမီး ၂ ဦးကို စစ်တွေသို့ ယူဆောင် သွားခြင်းမှာ မှန်ကန်ပြီး နောက်ထပ် ဒဏ်ရာသူ ၇ ဦး စေတီတောင် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ပြောကြားသည်။

စေတီတောင်တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ ၇ ဦးမှာ စည်တောင်ကျေးရွာမှ ဒေါ်မသန်းဌေး (၄၃) နှစ်(ဘ) ဦးမောင်စံကျော်၊ မဖြူဖြူခိုင် (၁၈) နှစ် (ဘ) ဦးအောင်ကျော်ဇံ၊ ဦးမောင်ဝေသူ (၅၂) နှစ် (ဘ) ဦးဖြူသီးအောင်၊ ဒေါ်ခင်သန်းနု (၃၉) နှစ်(ဘ) ဦးမောင်ဖိုးယဉ်တို့ ဖြစ်ကြပြီး နောက်ထပ် ၂ ဦးမှာ စပါးထားကျေးရွာမှ မမိုးနှင်းနွယ် (၂၁) နှစ် (ဘ) ဦးသာအောင်ဖြူနှင့် မောင်ဝင်းခိုင်ဇော် (၁၃) နှစ် (ဘ) ဦးဇော်ဝင်းတို့ ဖြစ်ကြသည်။

စည်တောင်ရွာမှ သေဆုံးသွားသူ အလောင်း ၅ လောင်းကိုလည်း ICRC နှင့် ကြက်ခြေနီ ပူးပေါင်း အဖွဲ့မှ ဘူးသီးတောင်မြို့သို့ ယူဆောင်သွားကြောင်း သိရသည်။

မတ်လ ၂၁ ရက် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်း ပစ်ခတ်မှုကို စစ်တပ်မှ ပြုလုပ်ကြောင်း ကျေးရွာသားများက ပြောဆိုသော်လည်း စစ်တပ်ဘက်မှ AA နှင့် အပြန်အလှန် ပစ်ခတ်မှု အတွင်းထိ မှန်ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...