တရုတ်ပြည် မန်ဟိုင်း စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျည် ပေါက်ကွဲ

တရုတ်ပြည် မန်ဟိုင်း စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျည် ပေါက်ကွဲ
by -
ကေအဲန်ဂျီ
မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစု နှင့် အစိုးရတပ်ကြား တိုက်ပွဲ ဖြစ်ပွားနေသော ရှမ်းမြောက် မုံးကိုး မြို့ တစ်ဖက်ကမ်းရှိ တရုတ်ပြည် မန်ဟိုင်း စစ်ရှောင်စခန်းအနီး`၌ ယနေ့ မွန်းလွဲ ၃ နာရီ ခွဲတွင် ၁၀၅ မမ လက်နက်ကြီး ကျည်တစ်ခု ကျရောက် ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးမှာ မန်ဟိုင်း မနော်ကွင်းစစ်ရှောင်စခန်း နှင့် ၁ ဖာလုံ ခန့်အကွာ ငရုပ်ခြံတွင်း ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက် သေဆုံမှုတော့ မရှိခဲ့ပေ။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ၄င်းလက်နက်ကြီး ကျည်ဟာ အစိုးရတပ်ရဲ့ ပစ်ခတ်မှု ဖြစ်သည်ဟု ပြောသည်။

လက်ရှိ မန်ဟိုင်းတွင် တရုတ်အစိုးရ ချမှတ်ပေးထားသော စစ်ရှောင် စခန်း ၄ ခု ရှိပြီး လူဦးရေ စုစုပေါင်း၂၀၀၀ ကျော်လာပြီ ဖြစ်သည်။

မုံးကိုးမြို့ဘက်တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကာ အစိုးရတပ်ဘက် ယနေ့ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ် ၂ စီး နှင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

နယ်စပ် မူဆယ်မြို့တွင်  နေ့လယ် ၁၂နာရီနောက်ပိုင်း အပြင်မထွက်ရ ဆိုသော သတင်းတစ်ခုကြောင့် ပြည်သူအများအပြား တရုတ်ပြည် ကြယ်ခေါင်မြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...