ပညာသင်ကြားရန်အခက်အခဲရှိသည့်ကလေးများကို မော့ဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်းက ထောက်ပံ့ပေး

ပညာသင်ကြားရန်အခက်အခဲရှိသည့်ကလေးများကို မော့ဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်းက ထောက်ပံ့ပေး

ကလေးငယ်များကို မော့ဒူကလားမေးဟောခန်းတွင် အမြင်ဖွင့်သင်တန်း ပြပြုလုပ်ပေးနေစဉ်… ပုံ – KT

ကယားပြည်နယ်အတွင်းရှိ အခြေခံပညာရေးဆက်လက်သင်ယူနိုင်ရန် အခက်အခဲရှိသည့် ဒေသခံ ကျောင်းသူ/သားများကို အထောက်အပံ့ပေးနေသည်ဟု မော့ဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ ဦးဖိုးရယ်က ပြောပါသည်။

“ကယားရိုးရာကိုးကွယ်တဲ့ရွာတွေဆိုရင် အဘက်ဘက်ကနေ ပညာရေးဘက်မှာ အားနည်းတယ် နိမ့်ကျတယ်။” ဟု ဦးဖိုးရယ်က ပြောပါသည်။

ပညာသင်ကြားနိုင်ရန်အတွက် အခက်အခဲရှိသည့် ကျောင်းသူ/သားများကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် မော့ဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်းမှ ဘော်ဒါဆောင်ဖွင့်လှစ်ပေးကာ ကျောင်းဆက်လက်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

၎င်းဘော်ဒါဆောင်တွင် အဓိကဝေးလံခေါင်ဖျားသည့် နေရာဒေသအချို့ နှင့် ဆင်းရဲနွမ်းပါးသည့် ကလေးများကို ဦးစားပေးလက်ခံ ပေးသွားသည်ဟု အဆောင်မှူးဖြစ်သူ ဒေါ်အော့မိုက ပြောသည်။

” တောရွာတွေမှာ ခုချိန်ထိ လုံးဝပညာမတတ်သေးတဲ့ နေရာမျိုးတွေမှာ ရှိနေသေးတယ်။ အဲမျိုးနေရာလိုက်ရှာပြီးဆွဲခေါ်ပေးတယ်။” ဟု ဒေါ်အော့မိုက ပြောပါသည်။

လာမည့်ပညာသင်နှစ်အတွက် ကျောင်းတက်ရန် အခက်အခဲရှိနေသည့်ကလေးများကို ဘော်ဒါဆောင်တွင် လက်ခံသွားရန် မော့ဒူကလားမေးသို့ လာရောက်ဆက်သွယ်စုံစမ်းပြီး လျှောက်လွှာများဖြည့်စွက်ကာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“တချို့ကလေးတွေက ပညာရေးအပိုင်းမှာ စိတ်ဝင်စားမှု အားနည်းနေသေးတဲ့အတွက်ကြောင့် ကျမတို့ ဖြစ်ချင်တဲ့ အတိုင်းမနည်းတင်သွင်ယူရတယ်။” ဟု ဒေါ်အော့မိုက ပြောပါသည်။

ဘော်ဒါဆောင်ကို (၂၀၁၃) ခုနှစ်တွင် ကျောင်းသား/သူ (၂၃) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၀၁၅-၁၆) ခုနှစ် မှ စ၍ လူဦးရေတိုးမြင့် ခေါ်ယူခဲ့သည်ဟုသိရသည်။ လက်ရှိတွင် ကျောင်းသားဦးရေ (၇၀)ဦးခန့်ရှိသည်ဟု သိရသည်။

ယခုလာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို ထောက်ပံ့ရန် လူဦးရေအကန့်အသတ်မထားကြောင်းသိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...