မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာအရှေ့ဘက်တောင်တန်းများကို အစိုးရစစ်တပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာအရှေ့ဘက်တောင်တန်းများကို အစိုးရစစ်တပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာ အရှေ့ဘက် တောင်တန်းများကို ယနေ့ နံနက်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောကြားသည်။

“ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာပါ။ ရဟတ်ယာဉ် မဟုတ်ပါ။ ဂျက်တိုက်လေယာဉ်ပါ။ ကျွန်တော်တို့ မြင်ပါတယ်။ အသံလည်း ကျယ်တယ်။ အရမ်းမြန်ပါတယ်။ ဒီက အသံတွေ ဒုတ်ဒုတ်နဲ့ ကြားရပြီး အဲဒီ တောင်တန်းက မီးခိုးလုံးတွေ ထွက်လာတာကို မြင်ရပါတယ်။ အချိန်က ဒီကနေ့ နံနက် ရ နာရီကျော် ၈ နာရီအတွင်းကပါ” ဟု ကျောင်းတောင်ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ပွားခြင်း၊ အပြန်အလှန် ပစ်ခတ်သံများကို မကြားရကြောင်း၊ AA ကို တိုက်ခိုက်သလားဆိုသည်ကိုလည်း တိတိကျကျ မသိရကြောင်း ၎င်းက ပြောဆိုသည်။

ဂျက်လေယာဉ်က သုံးခေါက်လာပစ်သည်ကို မြင်ရကြောင်၊ ၎င်းနေရာသည် လေးမြို့မြစ် အရှေ့ဘက်ကမ်း၊ သပေါ့စာ၊ နွားမြောင်၊ ဇင်ပြင် စသဖြင့် ဒေသခံများက ခေါ်ကြကြောင်း၊ ဇင်ပြင်တဲစုတွင် နေထိုင်သူများမှာ ပန်းမြောင်းရွာဘက်လူများ ဖြစ်ကြောင်း၊ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်သည့် နေရာမှာ ကျောင်းတောင်ရွာမှ သုံးမိုင် လေးမိုင်ခန့် ဝေးကြောင်း ၎င်းက ပြောကြားသည်။

၎င်းပြင် ယင်းတောင်တန်းသို့ ဂုံကျွန်းဘက်မှလည်း အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့သည်ဟု သူက ပြောသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...