တောင်ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်၍ မြောက်ဦးဆေးရုံသို့ပို့ဆောင်ရ

တောင်ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်၍ မြောက်ဦးဆေးရုံသို့ပို့ဆောင်ရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာခွဲအချိန်က စစ်တပ်က ပစ်လိုက်သည့် သေနတ်ကျည်ဆံ ထိမှန်ခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူ အမျိုးသမီးမှာ ကိုအောင်သန်း၏ ဇနီးဖြစ်သူ ဒေါ်မူတဘွေ အသက်(၂၂) နှစ် (ကရင်လူမျိုး) ကိုယ်ဝန် ၆ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရပြီးနောက် တိမ်ညိုဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ဆရာဝန်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်သဖြင့် မြောက်ဦးဆေးရုံသို့ပို့ဆောင်ရန် ညွန်ကြားကြောင်း၊ သို့အတွက် ယနေ့ ညနေ ၅ နာရီ ခန့်တွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကိုယ်တိုင် ပို့ဆောင်ခဲ့သူ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ကျောက်တော်ဘက်ကနေ စစ်ကြောင်း တစ်ခု လာတယ်။ တောင်ဦးရွာနားကို ရောက်တော့ သေနတ်နဲ့ ရမ်းသမ်းပြီး ပစ်ခတ်တယ်။ လေးငါး ဆယ်ချက်လောက် ပစ်ပုံရတယ်။ အဲဒီအထဲက ကျည်ဆံက မြေကြီးကို လာထောက်ပြီး အဲဒီတစ်ဆင့် ကျည်ဆံက သူမရဲ့ ဒူးအထက် ဘယ်ဘက်ပေါင်ကို လာထိတယ်။ သေနတ်သံကြားတော့ ထွက်ပြေးတဲ့ အချိန်မှာ ထိသွားတာပါ” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

သေနတ်ပစ်ခတ်သံကြောင်း တစ်ရွာလုံး ကြောက်လန့်ပြီး ရှောင်ပုန်းနေခဲ့ရသည်ဟု သိရသည်။

“ စစ်တပ်က ရွာက လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးပါသေးတယ်။ စစ်ဆေးပြီးတဲ့ နောက် မှာ ပြန် လွတ်ပေးလိုက်ပါတယ်။ ဘာကြောင့် တပ်ကနေ ခုလိုပစ်တယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူးဗျာ ” ဟု ဦးထွန်းသာစိန်က ဆက်လက် ပြောသည်။

ဒေါ်မူတဘွေ၏ ဒဏ်ရာမှာ အသက်အန္တရာယ်ကို စိုးရိမ်စရာ မရှိကြောင်း သိရှိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...