မပေါက်ကွဲသေးသောလက်နက်ကြီးကျည် အမြန်ဖယ်ရှားပေးရန် ရွာသားများတောင်းဆို

မပေါက်ကွဲသေးသောလက်နက်ကြီးကျည် အမြန်ဖယ်ရှားပေးရန် ရွာသားများတောင်းဆို

မတ်လ ၁၆ ရက် ညဉ့် အချိန်က ကျောက်တော် တပ်မမှ ပစ်လိုက်သော အမြောက်ကျည်ကြီး တစ်လုံးမှာ ကျောက်တော်မြို့နယ် နာဂရာ ကျေးရွာအနီးတွင် မပေါက်ကွဲဘဲ ကျရောက်ခဲ့သဖြင့် ၎င်းကျည်ကို သက်ဆိုင်ရာမှ ယူဆောင် ဖယ်ရှားပေးစေလိုသည်ဟု ကျေးရွာသားများက ပြောသည်။

ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးမောင်ကျော်သိန်းက “ မနက်မှ လက်နက်ကြီး ကျည်ကို အလကခွဲ ကျောင်းဝင်းထဲမှာတွေ့တာပါ။ ရွာနောက်ဘက် MPT တာဝန်တိုင် အနီးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းကျည်ကို ပေါက်ကွဲမည်စိုးရိမ်သဖြင့် လက်ရှိတွင် အနီးအနားရှိ ရေကန်ထဲတွင် ချထားသည်ဟု သူက ပြောသည်။

“ ကျွန်တော်တို့လည်း မြေကြီးမှာ ဒီအတိုင်းချထားရင် တစ်ခုခု ဖြစ်မလားဆိုပြီး ကြောက်လန့်ပြီး ရေကန်ထဲမှာ ချထားပါတယ်။ ဒါပေမယ့် စိတ်မချ ဖြစ်နေပါတယ်။ ဒါကြောင့် အမြန်ဆုံး သက်ဆိုင်ရာက လာရောက် ယူဆောင်ပြီး ဖယ်ရှားပေးစေလိုပါတယ်” ဟု ပြောကြာသည်။

ယမန်နေ့ ညဉ့် ၉ နာရီကျော်က စတင်ပြီး ကျောက်တော်တပ်မမှ လက်နက်ကြီးများ၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြောင်း၊ ရွာထဲရှိ အိမ်တစ်ချို့တွင် လက်နက်ငယ်ကျည်များ ထိမှန်ခဲ့ကြောင်း၊ ရွာသာများအားလုံး ပုန်းခိုနေခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

ထိုသို့ ပစ်ခတ်ရခြင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ AA တပ်ဖွဲ့မှ ကုလားတန်မြစ် အနောက်ဘက်က ကူးပြီး ဘီအီးဆိပ်ဘက်မှ တပ်မဌာနချုပ်သို့ နှောင့်ယှက် ပစ်ခတ်မှုများရှိသဖြင့် တုန့်ပြန် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

(ဓာတ်ပုံ- မပေါက်ကွဲသေးသည့် နာဂရာ ကျေးရွာသို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်)

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...