လက်နက်ကိုင်အဖွဲ့များက နေရာယူထားကြသည့်အတွက် ဒုက္ခသည်များပြန်လည်နေရာချထားရေး လုံခြုံမှုမရှိနိုင်

လက်နက်ကိုင်အဖွဲ့များက နေရာယူထားကြသည့်အတွက် ဒုက္ခသည်များပြန်လည်နေရာချထားရေး လုံခြုံမှုမရှိနိုင်

ကရင်နီဒုက္ခသည်ပြန်လည်နေချထားရေးပြုလုပ်နိုင်မည့်နေရာဒေသဘက်များတွင် စစ်အစိုးရခေတ်က အပစ်ရထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများက နေရာယူထားကြသည့်အတွက် လုံခြုံမှုမရှိနိုင်ကြောင်း ကရင်နီဒုက္ခသည် ပင်မကော်မတီ ဥက္ကဌ ဆရာလွှီးဇီက ပြောသည်။

“တချို့ဟာဆိုရင် သူတို့ထိန်းချုပ်နယ်မြေတွေဖြစ်တယ်။ နောက်ပြီးတော ဒီနောက်ပိုင်းမှာဆို အစိုးရတပ်ဘက်က တိုးချဲ့တပ်တွေနီးကပ်လာတာမျိုးရှိတယ်။ ဆိုတော ကျနော်တို့သွားကြည့်တဲ့ နေရာတွေတိုင်းမှာ လုံခြုံမှု မရှိသေးဘူးဆိုတာကို တွေ့ရတယ်။”ဟု ဆရာလွှီးဇီက ပြောသည်။

မပြေလည်နိုင်သေးသည့် နိုင်ငံရေးအခြေအနေအပေါ်တွင် ယခုလိုဒုက္ခသည်များကို ပြန်လည်နေရာချပေးရန် လုံခြုံမှုအတွက် စိုးရိမ်စရာများရှိနေသေးသည်ဟု ဆိုပါသည်။

ကရင်နီဒုက္ခသည်စခန်းကော်မတီနှင့် လူထုအခြေပြုလူ့အဖွဲ့အစည်းကိုယ်စားလှယ်များက ၂၀၁၅ ခုနှစ်က ဒုက္ခသည်ပြန်လည်နေရာချထားပေးနိုင်မည့် ရှားတောမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်းနှင့် မယ်စဲမြို့နယ်နှင့် နန်းမန်းတို့တွင် သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်ပြန်လည်နေရာချထားရေးအစီအစဉ်ဟုပြောရာတွင် ဒုက္ခသည်များကို ပြန်ပို့ရန်မဟုတ်သေးပဲ၊ ပြန်နိုင်မည့်အချိန်တွင် အဟန့်အတားမဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ဆရာလွှီးဇီက ပြောပါသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားပေးနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည် ပင်မကော်မတီရုံးတွင် ဒုက္ခသည်များ နေရာပြန်လည်ချထားခြင်းဆိုင်ရာ မဟာဗျူစာရေးဆွဲခြင်း ဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြသည်။

ဒုက္ခသည်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်နိုင်ရန်နှင့် လက်ကိုင်မဟာဗျူဟာ စာအုပ်တစ်အုပ်ထွက်လာရန်အတွက် အဓိက ရည်ရွှယ်ပြီး ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်သည်။

“သုံးနှစ်အတွင်းမှာ ကျမတို့ ပြည်သူလူထုတွေအတွက် ဘာတွေပြင်ဆင်သင့်လဲ။ ပြန်သွားလို့ရှိရင်လည်း ဒါဟာ ကြိုတင်ပြင်ဆင်မူဖြစ်တဲ့အတွက် ကျမအမြင်ကတော့ အများကြီးအကျိုးရှိတယ်ပေါ။”ဟု အမှတ် ၁ စခန်းကော်မတီ ဥက္ကဌ မော်မိုးဘူးကပြောသည်။

ကြိုတင်ပြင်ဆင်မူ အပိုင်းတွင် သွားရောက်လေ့လာခြင်နှင့် ပြန်လည်တင်ပြခြင်း အစီစဉ်ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သည်။ ထို့နောက် သွားရောက်လေ့လာခြင်း ပြုလုပ်ပြီးသောအခါ အကောင်အထည်ဖော်ဆောင်နိုင်သည့် လုပ်ငန်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...