ယာယီဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းမီကျောက်များနှင့် စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရမိဟု AA ပြောဆို

ယာယီဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းမီကျောက်များနှင့် စစ်သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရမိဟု AA ပြောဆို

၂၀၁၉ ခုနှစ်၊ မတ်လ(၉) ရက်နေ့ ညနေ ၆ နာရီတွင် ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြန်ဆိုရွာ တောင်ဖက် (၅.၅) ကီလိုမီတာတွင် စကခ(၅) လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) စခန်း ထိုင်ထားသော ယာယီ ဗျူဟာကုန်း တစ်ခုအား သိမ်းပိုက်ရရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော် (AA) မှ မတ်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်သည်။

၎င်းသတင်းထုတ်ပြန်ပြီးနောက် နိရဉ္စရာ သတင်းဌာနမှ AA ၏ ပြောခွင့်ရသူ ခိုင်သုခအား မတ်လ ၁၁ ရက်နေ့ ညနေက ဆက်သွယ်ရာ အဆိုပါ ဒေသအနီးတစ်ဝိုက်တွင် သုံးရက်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မတ်လ ၉ ရက် ညနေ ၆ နာရီခန့်တွင် ဗျူဟာမှူး ယာယီအခြေစိုက်နေသော ကုန်းအား သိမ်းပိုက်ရရှိသည်ဟု ၎င်းက ပြောကြားသည်။

“ ပြင်စိုရွာရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ စခက ၅၆၃ ရှေ့တန်း အခြေစိုက် ဗျူဟာကုန်းကို သိမ်းပိုက်ရရှိတာဗျ။ အဲဒီမှာ တိုက်ပွဲ ဖြစ်ပွားတာက ၂၀၁၉ မတ်လ ၉ ရက် နေ့လယ် ၁ နာရီက စဖြစ်တယ်။ ညနေ ၄ နာရီခွဲထိပေါ့နော်။ အဲဒီမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ မွန်းလွဲ ၂ နာရီမှာတော့ ဗမာစစ်တပ်ဘက်ကနေပီးတော့ ရဟတ်ယာဉ် ၂ စီးနဲ့ နေပြီးတော့ ၂၅ မိနစ်ကြာ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်။ နောက် Rocket တွေ နဲ့ ပစ်တယ်။ နောက်စက်သေနတ်တွေနဲ့ လည်း ပစ်တာ ရှိတယ်။ အဲဒီလို တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်တယ်။ ညနေ ၆ နာရီမှာတော့ အပြီးသတ်ရှင်းလင်းနိုင်ခဲ့တာပေါ့” ဟု ပြောကြားသည်။

၎င်းပွဲမှာ ၂၀၁၉ ခုနှစ် မတ်လ အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး လက်နက်ခဲယမ်းမီးကျောက်အများအပြားကို သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း ၁၁ ဦးကိုလည်း ဖမ်းဆီးရမိသည်ဟု ခိုင်သုခက ဆက်လက် ပြောကြားသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းမီးကျောက်များထဲတွင် ၈၁ မမပြောင်းရှည် (၁) လက်နှင့် ၎င်းဗုံးသီး ၁၄ လုံး၊ ၆၀ မမ ပြောင်းရှည် ချိန်ခွင်ပါ အစုံ(၂) လက်နှင့် ဗုံးသီး (၂၀) လုံး၊ ၆၀ မမ ပို့ယမ်းထုပ် (၂၃၁) ထုပ်၊ RPG-7ဗုံးသီး(၂၇) လုံးနှင့် ၎င်း ပို့ကျည် (၁၃) ခု၊ (၉) MA အမျိုးအစား လက်နက်ငယ် ၉ လက်နှင့် လက်နက်ငယ်ကျည် (၂၂၈၅) တောင့်၊ PHANTOM အမျိုးအစား Drone ဒရုန်းအဖြူ(၂) စီး အပါအဝင် မိုင်းရှာစက်များ၊ ကွန်ပြူတာ လက်တော့များ၊ ဆက်သွယ်ရေး အထိုင်စက်ကြီးများကို သိမ်းဆည်းရမိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

AA ၏ ထုတ်ပြန်ချက်ထဲတွင် Backhoe မြေတူးကား ၁၆ စီး၊ Toyota ကား ၁ စီး၊ ကျောက်တင်ကား ၁စီး တို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

အထိအခိုက်မှာ မြန်မာတပ်မတော်ဘက်က များကြောင်း၊ အရင်ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းဒေသ တိုက်ပွဲများအတွင်း တပ်ဘက်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၅ ဦးကျဆုံးကြောင်း၊ နောက်ထပ် ၎င်းနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်းလည်း ကျဆုံးမှုရှိကြောင်း၊ ၎င်းနေရာ အနီးတဝိုက်တွက် တိုက်ပွဲများ သုံးရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ စစ်သုံ့ပန်းကတော့ ၁၁ ဦးဖမ်းမိတယ်ဗျ။ အခု သူတို့ကို စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် အသေးစိတ်တော့ မပြောနိုင်သေးဘူး။ ပြောနိုင်တာကတော့ သူတို့ကို ကောင်းကောင်းမွန်မွန်ထားပါတယ်” ဟု ခိုင်သုခမှ ပြောဆိုသည်။

မတ်လ ၉ ရက် နေ့ ဗျူဟာကုန်း တိုက်ပွဲတွင် တစ်ဦးမှ ကျဆုံးခဲ့ခြင်း မရှိကြောင်း၊ သို့သော် ၎င်းတိုက်ပွဲ မတိုင်မီ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် AA ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း၊ အနည်းငယ် ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိကြောင်း ခိုင်သုခမှ ပြောဆိုသည်။

ယခုကဲ့သို့ AA ဘက်မှ ယာယီဗျူဟာကုန်း တစ်ခုအား လက်နက်ခဲယမ်းမီးကျောက် အများအပြားနှင့် အတူ ဖမ်းမိကြောင်း ဓာတ်ပုံမျာနှင့် တစ်ကွ သတင်းထုတ်ပြန်သော်လည်း မြန်မာအစိုးရ တပ်မတော်မှ ၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ယခုအချိန်ထိ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူများနှင့် အနောက်ပိုင်းတိုင်းမှ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်ရာတွင်လည်း ဖုန်းပိတ်ထားသဖြင့် တပ်ဘက်က သဘောထားကို မေးမြန်း တင်ပြနိုင်ခြင်းမရှိပါ။

April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...