တရုတ် အစိုးရ ညွန်ကြားမှုနဲ့ မန်ဟိုင်း KIO ရုံး ၂ ခု ရုပ်သိမ်း

တရုတ် အစိုးရ ညွန်ကြားမှုနဲ့ မန်ဟိုင်း KIO ရုံး ၂ ခု ရုပ်သိမ်း
တရုတ်အစိုးရ၏ ညွန်ကြားမှုအရဆိုကာ ရှမ်းမြောက် မုံးကိုးမြို့နှင့် နယ်စပ်စည်း သာခြားသော တရုတ်ပြည် မန်ဟိုင်း မြို့ရှိ KIO ဆက်ဆံရေးရုံး နှင့် မူးယစ်တိုက်ဖျက်ရေးရုံး ၂ ခုကို နိုဝင်ဘာ ၁၇ ရက်နေ့ က အတင်းအဓမ္မ ရုပ်သိမ်း စေခဲ့ကြောင်း သတင်းရရှိသည်။

ကြာသပတေးနေ့ တွင်  ‘၂ နာရီအတွင်းပစ္စည်း အကုန်သိမ်း’ အမိန့်ရောက်လာအပြီး တရုတ်တပ် ဘက်က လာရောက် ဝန်းရံ ပိတ်ဆို့မှုတွေ လုပ်လာခြင်းကြောင့် ပစ္စည်းအကုန် မသိမ်းနိုင်ဘဲ ယင်း ရုံး ၂ ခုကို ထားပြီး ထွက်ပြေးခဲ့ရသည်ဟု KIA တပ်မဟာ ၆ မှ အရာရှိ တစ်ဦးက ပြောသည်။

ယင်း KIO ရုံး ၂ ခုကို လွန်ခဲ့သော ၃ နှစ်ခန့်က တရုတ်ပြည် မန်ရှီ အစိုးရအာဏာပိုင်များ ခွင့်ပြုချက်နှင့် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရုံး တစ်ခုစီမှာ အမြဲတမ်း လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က KIO ရုံး ၂ ခုကို လာရောက် ဝင်စီးသည့် တရုတ်တပ် အင်အား ၅၀ ခန့်တွင် ရဲ ၊ နယ်ခြားစောင့်တပ် နှင့် တိုက်ပွဲဝင် စစ်သား များ ပါဝင်ကြောင်း သိရသည်။

လွန်ခဲ့သော အောက်တိုဘာလ KIO နယ်မြေမှ ပြန်လာသော ကချင်လူငယ် ၄၉ ဦးကို တရုတ်ရဲများ ဖမ်းပြီး အစိုးရ တပ်ဘက်ကို လွဲအပ်ပေးမှုများလည်း ရှိခဲ့ပြီးနောက် ယခုဖြစ်စဉ်ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...