ရခိုင်ပြည်နယ်အလံထောင်သည့် အိမ်စာရင်းကောက်ယူမည်ဟုဆို

ရခိုင်ပြည်နယ်အလံထောင်သည့် အိမ်စာရင်းကောက်ယူမည်ဟုဆို

မြောက်ဦးမြို့တွင် ရခိုင်ပြည်နယ် အလံထောင်သည့် အိမ်စာရင်းကို ကောက်ယူသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

“ အလံထောင်နေကြတယ်ဆိုတော့ ။ အခုကတော့ မြောက်ဦးမှာ ရခိုင်ပြည်နယ် အလံထောင်တဲ့ အိမ်ထောင်စု စာရင်းတွေ၊ ဘယ်အိမ်တွေထောင်လဲ ဆိုတာတော့ စာရင်းတွေ ရယူထားမယ်လို့တော့ ပြောထားတယ်” ဟု မြောက်ဦးမြို့တွင် ပြည်နယ်အလံများ လွှင့်ထူထားသည့် အပေါ် ရခိုင်ပြည်နယ် အစိုးရ၏ သဘောထားကို သိလိုသဖြင့် မေးမြန်းစဉ် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

စာရင်းယူပြီးနောက် ဘာဆက်လုပ်ပါမလဲဟု မေးမြန်းရာ ဝန်ကြီးက “ အရေးယူမယ်။ မယူဘူး ဆိုတာတော့ အခု ပြောလို့မရဘုူး။ ဥပဒေအကြံပေး အဖွဲ့ရဲ့ အပေါ်မှာ မူတည်မှာပါ။ ဥပဒေကြောင်းအရ ဥပဒေချုပ်ရဲ့ အကြံပေးမှု အပေါ်မှာဘဲ မူတည်လိမ့်မယ်။ ကျွန်တော်တို့က ဥပဒေသမားမဟုတ်တော့ ဘာပြောနိုင်ပါမလဲ” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မတ်လ ၃ ရက်နေ့မှ စတင်ပြီး အိမ်အတော်များများ၏ အိမ်ရှေ့တွင် ရခိုင်ပြည်နယ် အလံများကို စိုက်ထူလွှင့်တင်ထားခဲ့ကြသည်ဟု သိရသည်။

ယခုလို ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် အလံထောင်ရခြင်းနှင့် ပတ်သက်ပြီး မြောက်ဦးဒေသခံ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက “ ကျွန်တော်တို့ရခိုင်တွေ စည်းလုံးညီညွတ်မှု ရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ အလံတွေထောင်တာပါ။ မိမိသဘောနဲ့ မိမိဆန္ဒနဲ့ ထောင်တာပါ။ ရခိုင်လူမျိုးတွေ အခုအချိန်မှာ အားလုံး စည်းလုံးညီညွတ်မှုရှိတဲ့အပေါ် ပြသလိုတဲ့ အနေနဲ့ထောင်ထားတဲ့ သဘောပါ” ဟု ပြောကြားသည်။

မြောက်ဦးမြို့တွင် ရခိုင်ပြည်နယ် အလံထောင်မှုနှင့် ပတ်သက်ပြီး မြောက်ဦးမြို့မှ တာဝန်ရှိသူများ၏ သဘောထားကို သိလိုသဖြင့် ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြောက်ဦးမြို့မ ရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိပါ။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...