လမ်းပန်းဆက်သွယ်ရေးခက်သည့်အတွက် လူနာများအသက်ဆုံးရှုံးမှုများ ရှိနေ

လမ်းပန်းဆက်သွယ်ရေးခက်သည့်အတွက် လူနာများအသက်ဆုံးရှုံးမှုများ ရှိနေ

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် မိုးရာသီချိန် ဆေးရုံဆေးခန်းသို့ အရေးပေါ်သွားရာတွင် လူနာများအသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ဘယ်လိုဘဲဖြစ်ဖြစ် ဒါကနှောင့်နှေးမှုတစ်ခုဘဲလေ၊ လမ်းခရီးအခက်အခဲကြောင့် ဆုံးရှုံးမှှုတွေလည်းရှိခဲ့တာပေါ့ လမ်းကောင်းခဲ့ရင် လူနာတစ်ယောက်အတွက် အကျိူးအများကြီးရှိတယ်၊ ပြီးတော့ လူနာတွေရဲ့အသက်ဆုံးရံှုးမှု တွေလည်းနည်းမှာပေါ့” ဟု ပုန်းလောရွာ ကျန်းမာရေးမှူးဦးဝင်းလှိုင်ကဆိုသည်။

အစိုးရမှ ခန့်အပ်ထားသည့် ကျန်းမာရေးမှူးများ ရှိနေသော်လည်း ဆေးပေးခန်းမရှိသေးသောကြောင့် လူနာရှိလျှင် ဖယ်ခုံသို့မဟုတ် လွိုင်ကော်ဆေးရုံကြီးတို့တွင်သာ သွားရောက်ကုသနေကြရကြောင်း သိရသည်။

“မိုးရာသီဆို အဓိကကျွန်တော်တို့ဒီတောင်အဆင်းတွေ မောင်းလို့မရဘူး အန္တရာယ်အရမ်းများတယ်” ဟု ပုန်းလောရွာတွင်နေထိုင်သော ဦးထွန်းအေးက ဆိုသည်။

တောင်ပေါ်ရွာဖြစ်သောပုန်းလောရွာသည် အဓိကအားဖြင့် ပြောင်းဖူးကိုသာ စားဝတ်နေရေးအတွက် လုပ်ကိုင်ကြရသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့် သီးနှံများကိုအချိန်မှီမစိုက်ပျိုးနိုင်ခြင်း မျိုးစေ့များ မြေသြဇာများနှင့် သီးနှံသယ်ယူစရိတ်များသောကြောင့် အမြတ်အနည်းသာကျန်ရှိကြောင်းသိရသည်။

“မိုးရာသီဆိုသွားမရဘူး၊ ဗွက်တွေဘာတွေနဲ့ခံနေတော့ ကားတွေ၊ ဆိုင်ကယ်တွေဆို အဲ့မှာပဲထားရတယ်။ ခြေကျင်နဲ့လျှောက်ပြန်ရတယ်။ နေပူတဲ့အခါမှ တစ်ခါပြန်သွားယူ အဲ့လိုလုပ်ရတာပေါ့ ” တောင်သူဦးလောကွယ်ကဆိုသည်။

ပုန်းလောရွာရှိတောင်သူများသည် အများအားဖြင့် ပြောင်းဖူးများကို စက်လှေဖြင့် ဖယ်ခုံသို့ရောင်းချနေကြကြောင်းသိရသည်။ ၎င်းတို့ကျေးရွာမှ ဆိုင်ကယ်၊ ကားများဖြင့် သယ်ကာ လှေဆိပ်သို့ပို့ဆောင်ကာ စက်လှေနှင့် တစ်ဆင့် ဖယ်ခုံသို့ ပို့ဆောင်ကြကြောင်း သိရသည်။

လွန်ခဲ့သည့် လေးနှစ်ခန့်တွင် လမ်းခရီတွင်ကြန့်ကြာမှုကြောင့် လူနာ ၂ဦးခန့် အသက်ဆုံးရံှုးခဲ့ရကာ မွေးလူနာများသည်လည်း စက်လှေပေါ့်တွင်သာ မွေးဖွားခဲ့ရကြောင်း သိရသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...