မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ထွေအုပ်လပတ်အစည်းအဝေးလုပ်နေရာမှ ရဲက ခေါ်ဆောင်သွား

မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ထွေအုပ်လပတ်အစည်းအဝေးလုပ်နေရာမှ ရဲက ခေါ်ဆောင်သွား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လပတ် အစည်းအဝေး ပြုလုပ်ရာနေရာမှ ရဲက ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်ခြင်းခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးမှာ ပြိုင်းချကျေးရွာအုပ်ချုပ်ရေးမှူး၊ ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျောက်ဆည်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြောင်း သိရသည်။

သံရှင်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးအားဆက်သွယ်ရာ သူက “ အခု ကျွန်တော်တို့ မြောက်ဦးမြို့ရဲစခန်းကို စခန်းမှူးနဲ့တွေ့ဖို့ ရောက်နေပါတယ်။ နာရီဝက်လောက်ရှိနေပါပြီ။ မတွေ့ရသေးပါဘူး။ သူတို့နဲ့လည်း တွေ့ခွင့်မရသေးပါဘူး။ သူတို့ကို ဖမ်းတာလား၊ ဘယ်ကို ခေါ်သွားဆိုတာ မသိရသေးဘူး။ နောက် နာရီ ဝက်လောက်မှ သိရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲမှူးသို့ ဆက်သွယ်ရာ ကျန်းမာရေးကြောင်း မန္တလေးသို့ ရောက်ရှိနေကြောင်း ပြောကြားပြီး မြို့မစခန်းမှူးသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိသေးပါ။

မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ သူတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ရဲက ခေါ်သွားတယ်လို့ သိရပါတယ်။ အခုအချိန်ထိ ပြန်မရောက်သေးဘူး။ ထွေအုပ်ရုံးမှာ လကုန် အစည်းအဝေး လုပ်နေရာက ခေါ်ယူသွားတာလို့ သိရပါတယ်။ အခု တစ်ခြားကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရဲစခန်းကို လိုက်ပါသွားကြပါတယ်” ဟု ပြောဆိုသည်။

မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ညနေ ၄ နာရီက ဆက်သွယ်ရာ သူက " သူတို့ကို ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်က ခေါ်သွားတာပါ။ အခု သူတို့ကို မြို့မရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု ပြောကြားသည်။

ဖမ်းဆီးရခြင်း အကြောင်းအရင်းကို မသိရသေးပါ။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...