သရက်တပင်မှမဟာနွယ်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်အပါအဝင် လူ ၄ ဦးကို ရဲကဖမ်းဆီး

သရက်တပင်မှမဟာနွယ်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်အပါအဝင် လူ ၄ ဦးကို ရဲကဖမ်းဆီး

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ မဟာနွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းပိုင်ရှင်ဖြစ်သူနှင့် သူ့၏ဝ မ်းကွဲညီဖြစ်သူ အပါအဝင် မဟာမြတ်မုနိဘုရာပေါ်မှ ဈေးရောင်းနေသည့် ညီအစ်ကို ၂ ဦးတို့အား ရဲမှ နံနက် ၁၁ နာရီမထိုးခင် မိနစ်ပိုင်းအလိုလောက်က ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

“ဖမ်းသွားတာတော့ဟုတ်ပါတယ်။သူတို့ကိုဘာကြောင်းဖမ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ် ဆိုတာကိုတော့ ကျနော်လည်း အတိအကျ မသိသေးဘူး။ ကျနော်တို့ သရက်တပင်က ၂ယောက်ပါတယ်။ မဟာနွယ်ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်ထားတဲ့ ပိုင်ရှင်နှင့် သူ့ညီဝမ်းကွဲလို့ သိရပါတယ်။ မဟာမြတ် မုနိဘုရားမှာ ဈေးရောင်းနေတဲ့ ညီကို ၂ယောက်လည်း အဖမ်းခံရပါတယ်”ဟု ကျောက်တော်မြို့နယ်မှ လူမှုရေး လူပ်ရှားသူ တစ်ဦးမှ နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဖမ်းဆီးခံရသည့်လူငယ်များမှာ သရက်တပင်မှ မဟာနွယ်အတက်တန်းကျောင်း ဘော်ဒါဆောင်ပိုင်ရှင် မောင်ကျော်ကျော်ညွန့် (ဘ) ဦးဖောင်သာအောင်နှင့် ဝမ်းကွဲညီဖြစ်သူ မောင်ချမ်းအေး (ဘ) ဦးမောင်လှတို့ ဖြစ်ကြသည်။

မဟာမြတ်မုနိဘုရာပေါ်မှ ဈေးရောင်းနေသည့်ညီအစ်ကို ၂ ဦးမှာ ဦးသာမောင်၏သား သန်းထွန်းနှင့် အေးကျော်သန်း တို့ ညီအစ်ကို နှစ်ယောက်ဖြစ်ကြောင်းသိရသည်။

မောင်ကျော်ကျော်ညွန့်၏ အစ်မဖြစ်သူ မသန်းသန်းက “ဟုတ်ပါတယ်။ ကျမမောင်က ကိုယ်ပိုင် အထက်တန်း ကျောင်းဖွင့်ပြီး စာပြနေတဲ့ ကျောင်းဆရာပါ။ အခုကျောက်တော်မြို့မရဲစခန်းမှာပါ။ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်မသိပါဘူး။ဘာကြောင့် ဖမ်းတာလဲလို့ မေးတော့လည်း ရဲစခန်းက သူတို့က စာရေးမရောက်သေးလို့ မစစ်ဆေးရသေးဘူးလို့ပြောတယ်။ ကျမမောင်လေးမှာလည်း ဆယ်တန်းဖြေမဲ့ ကျောင်းသားလေးတွေကို စာပြနေတာပါ”ဟု မသန်းသန်းကဆိုသည်။

မဟာမုနိ ဘုရားတွင် ဈေးရောင်းသည့် လူငယ်နှစ်ဦးတို့အား ကျောက်တော်မြို့မ ရဲစခန်းက ရပ်မိဘ တစ်ဦးနှင့်အတူ လာရောက်ပြီး အိမ်ပေါ်မှဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြာင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ကျောက်တော်မြို့မ ရဲစခန်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင် ဖြေကြားခြင်းမရှိပါ။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...