ဒေသထွက်ကုန်များ ဈေးကွက်ဝင်နိုင်ရန် အမြင်ဖွင့်သင်တန်းပေး

ဒေသထွက်ကုန်များ ဈေးကွက်ဝင်နိုင်ရန် အမြင်ဖွင့်သင်တန်းပေး

မိမိတို့ဒေသထွက်ကုန်များကို ဈေးကွက်အတွင်းသို့ မည်သည့်ပုံစံများဖြင့် ဝင်ဆံ့နိုင်အောင် ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ဒေသဆိုင်ရာ စီးပွားရေးအမြင်ဖွင့်သင်တန်းတစ်ရပ်ကို ဖယ်ခုံမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

“အဓိကကတော့ ဒီဒေသအလိုက်ထွက်ကုန်တွေရှိတယ် ဒီထွက်ကုန်တွေကို ဈေးကွက်ထဲဘယ်လိုရောက်အောင်စဉ်းစားတဲ့နေရာမှာ စီးပွားရေးဆန်ဆန်စဉ်းစားတတ်ဖို့အတွက်၊ စီးပွားရေးလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုနည်းနဲ့ထိခိုက်နေလဲ၊ ဘယ်လိုနည်းနဲ့ကာကွယ်သင့်သလဲဆိုတာကို အဓိကပေးချင်တဲ့ရည်ရွယ်ချက်ပေါ့” ဟု သင်တန်းဆရာ ဘုန်းမြင့်ကပြောသည်။

ဒေသဆိုင်ရာ စီးပွားရေးအမြင်ဖွင့်သင်တန်းပေးခြင်းအားဖြင့်လည်း ၎င်းတို့၏ ဒေသထွက်ကုန်တန်ဖိုးကိုပိုမိုသိရှိပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင်လည်း မည်သို့မည်ပုံဆောင်ရွက်ရမည်ကိုပိုမိုသိရှိလာကြောင်း သင်တန်းသားတစ်ဦးကဆိုသည်။

“သူတို့ဒီလိုသင်တန်းတွေပေးတော့ ကောင်းတယ်။ ကျွန်တော်တို့လည်းပိုသိရတာပေါ့” ဟု ဦးလေအိုးနယ်ကပြောသည်။

ရှမ်းပြည်တောင်ပိုင်းဒေသ နှင့် ကယားဒေသများတွင် စီးပွားရေးနှင့် ပတ်သက်သောမိမိတို့၏ထွက်ကုန်တန်ဖိုးများအသုံးဝင်မှု၊ အသုံးပြုနိုင်မှုတို့ကို မသိရှိသေးသောကြောင့် ယခုလိုသင်တန်းများပြုလုပ်ပေးရန် လိုအပ်နေသေးကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၃ ရက်နေ့ထိတွင် မေတ္တာဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး ဒေသဆိုင်ရာစီးပွားရေးအမြင်ဖွင့်သင်တန်းကို ဖယ်ခုံမြို့နယ်ရှိ မြို့နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။

ထိုသင်တန်းတွင် ကယန်းဒေသ၊ ကယားဒေသ၊ ကရင်ဒေသနှင့် ရှမ်းတောင်ဒေသမှ လူထု ၇၀ ခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...