တရုတ်ငှက်ပျောခြံကြောင့်သာ ငါးသေဆုံးခြင်း မဟုတ်ဟု အစိုးရ ကာကွယ်ပြော ဆို

တရုတ်ငှက်ပျောခြံကြောင့်သာ ငါးသေဆုံးခြင်း မဟုတ်ဟု အစိုးရ ကာကွယ်ပြော ဆို

ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ကျေးရွာ တရုတ်သစ်သျှူးငှက်ပျောခြံတွင် အသုံးပြုသော ဓါတုဆေးများကြောင့်သာ ရွာအနီးချောင်းက ငါးအစုလိုက်အပြုံလိုက် သေဆုံးခြင်း မဟုတ်ကြောင်း ကချင်ပြည်နယ်အစိုးရ ယနေ့ ကာကွယ်ပြော ဆိုပါသည်။

ဖေဖါဝါရီလ ၁၅ရက်နေ့ သက်ဆိုင်ရာတာဝန်ရှိသူများ က Nam Myin Hka (နမ်မြင်ချောင်း) သို့ သွားရောက်စစ်ဆေးခဲ့ရာမှ ငှက်ပျောစိုက်ပျိုးမှုကြောင့် သာမဟုတ်ဘဲ ဒေသခံပြည်သူများ မိုင်းခွဲခြင်းနှင့် နည်းပညာဖြင့် စစ်ဆေးချက်အရ ချောင်းအတွင်း ငါးသေစေသော အဆိပ်များ ခတ်ထားကြောင်း တွေ့ရှိသည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောဆိုသည်။

“စစ်ဆေးချက်အရပေါ့နော် ငါးရှာတဲ့သူတွေက ငါးသေတဲ့အမျိုး ဆေးခတ်ထားတယ်လို့တွေ့ရတယ်။ ယခုငါးသေတဲ့ နေရာကလည်း ငါးရှာတဲ့ လူတွေလာစုတဲ့ နေရာမှာဘဲဖြစ်တယ်။ ချောင်းအထက်ပိုင်းမှာက သေတာမတွေ့ရဘူး။ အနီးတဝိုက်ဆေးမိတဲ့ နေရာတွေမှာပဲ ငါးက သေတာ။ ကျနော်တို့ စစ်ဆေးတဲ့အပိုင်းကလည်း ၁၄မျိုးလောက်နဲ့ စစ်ဆေးတာဖြစ်တယ်” ဟု ပြောဆိုသည်။

သို့သော်လည်း အဆိုပါ နမ်မြင်ချောင်းအတွင်း ငါးသေဆုံးမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများ အချို့က ဆေးခတ်ရှာဖွေမှုများ ပြုလုပ်သော်လည်း အများအပြားသေဆုံးမှုမဖြစ်နိုင်ကြောင်းနှင့် တရုတ်သစ်သျှူးငှက်ပျောစိုက်ခင်းမှ ဓါတုဆေးများကြောင့် ငါးများသေဆုံးခြင်းဖြစ်သည်ဟု ဝိုင်မော်ဒေသခံတစ်ဦးဖြစ်တဲ့ ဦး Bawm Sau (ဘောမ်ဆောင်) ပြောဆိုသည်။

ယခု နမ်မြင်ချောင်းအတွင်း ငါးအများအပြားသေဆုံးမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် ပထမအကြိမ်ဖြစ်ခဲ့ကြောင်း ရွာသားများဆိုပါသည်။

ဖေဖါရီလ ၆ရက်နေ့ကစပြီး နမ်မြင်ချောင်းမှာ ငါးများအကြောင်းမဲ့ သေဆုံးမှု အဓိက အကြောင်းရင်းသည် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးခင်းများတွင် အသုံးပြုသည့် ဓါတုဆေးကြောင့်သာ ဖြစ်မည်ကို ဒေသခံရွာသားများ ယုံကြည်ထားခြင်းဖြစ်သည်။

Most read this week

စင်းခန်းတံတား စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Photo - Crd
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...