မွေတော်ဓာတ်စစ်ဘုရားပွဲခေါ် မိုးဗြဲပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ

မွေတော်ဓာတ်စစ်ဘုရားပွဲခေါ် မိုးဗြဲပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲတွင် နှစ်စဉ် ဖေဖော်ဝါရီလအတွင်း ကျင်းပလျှက်ရှိသည့် လူသိများသည့်မိုးဗြဲပွဲခေါ် မွေတော်ဓာတ်စစ်ဘုရားပွဲသည် ယခုနှစ်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

” ဒီပွဲကို စော်ဘွားခေတ်ကတည်းကကျင်းပခဲ့တာ ကျွန်တော်တို့ ၈၈ အရေးခင်းတုန်းကဆို ဘယ်ပွဲမှမဖြစ်မြောက်ခဲ့တာတောင်မှ ဒီမိုးဗြဲပွဲက အစဉ်အလာမပျက်ကျင်းပနိုင်ခဲ့တာ” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ တစ်ဦးဖြစ်သည့် ဦးဘကျော်က ဆိုသည်။

ပွဲဈေးအတွင်းတွင် ပြည်သူများလိုအပ်သည့် ကျန်းမာရေး၊ လုံခြုံရေးတို့ကိုဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် နွေရာသီမီးဘေးအန္တရယ်ကာကွယ်ရေး နိုးဆော်ချက်များကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“အဓိကတော့စားသောက်လိုင်းပေါ့။ ပြီးတော့ခေါင်ရည်ဆိုင်လိုင်းတွေပေါ့။ မီးဘေးအန္တရာယ်ကင်းအောင်ဆိုလည်း လိုအပ်တဲ့အတိုင်းအတာနဲ့ဘဲ မီးတွေကိုအသုံးပြုကြတယ်” ဟု ပွဲကျင်းပရေးကော်မတီမှ ဦးမောင်လာကဆိုသည်။

ပွဲတော်လုံခြုံရေးများလည်း နေ့ခင်းဘက်တွင် လူသွားလမ်းပေါ် ဈေးရောင်းခြင်းများ၊ ခိုက်ရန်ဖြစ်ပွားမှုများမဖြစ်ရန် နေ့စဉ်လုံခြုံရေးယူပေးနေကြောင်း သိရသည်။ ပွဲတော်အတွင်း အားကစားပြိုင်ပွဲများနှင့် အလှပြိုင်ပွဲများကိုလည်း ကျင်းပပေးလျှက်ရှိကြောင်း သိရသည်။

ယခု မိုးဗြဲပွဲခေါ်မွေတော်ဓာတ်စစ် ဘုရားပွဲသည် ရှေးယခင်စော်ဘွားလက်ထက်ကပင် နှစ်စဉ်ကျင်းပလျှက်ရှိပြီး ၈၈အရေးခင်းတွင် အခြားနေရာဒေသတို့တွင် ပွဲတော်များမကျင်းပနိုင်ချိန်ပင် ၎င်းမွေတော်ဓာတ်စစ်ဘုရားကို ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...