ဂျပန်အစိုးရအား စစ်ဘေးရှောင်များကိုကူညီပေးရန် ဂျပန်ရောက်ရခိုင်များတောင်းဆို

ဂျပန်အစိုးရအား စစ်ဘေးရှောင်များကိုကူညီပေးရန် ဂျပန်ရောက်ရခိုင်များတောင်းဆို

မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်မတော် (AA) အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား ဂျပန်နိုင်ငံအစိုးရမှ ရှုတ်ချ ကန့်ကွက် ပေးရန်နှင့် ရခိုင့်စစ်ဘေးရှောင်ဒုက္ခသည်များအား အကူအညီများပေးရန် တောင်းဆို ပွဲတစ်ခုကို ဂျပန်ရောက် ရခိုင် လူမျိုးများက ပြုလုပ်ခဲ့ကြသည်။

၎င်းတောင်းဆိုပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်(Arakan Youth’s Union-Japan)မှဦးဆောင်ပြီး ယနေ့ ဂျပန် နိုင်ငံတိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တွင် လူစုပြီး ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။

ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်(Arakan Youth’sUnion-Japan)၏ သဘာပတိ ကိုကျော်သန်းလှိုင်က”ကျွန်တော်တို့ အဓိကတော့ ရက္ခိုင့်တပ်မတော်ကို မြန်မာ့တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဂျပန် အစိုးရက ကန့်ကွက်ရှုတ်ချပေးဖို့။ နောက်တစ်ခုက စစ်ပွဲကြောင့် ဘေးလွတ်ရာ ပြေးနေရတဲ့ ဒုက္ခ ရောက်နေကြရတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုကြတာပါ”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင့်စစ်ပွဲများကို ကို ငြိမ်းချမ်းစေလိုလျှင် မြန်မာ့တပ်မတော် အနေဖြင့် ရခိုင်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအား ရပ်တန့်ပြီး ရခိုင့်လက်နက်ကိုင်အဖွဲ့များ၊ ရခိုင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများနှင့် အကျေအလည်ဆွေးနွေးခြင်း ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

“တကယ့် ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဒီ ကျွန်တော်တို့ ရခို်င်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ဖို့လိုတယ်။ ပြီးတော့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဆွေးနွေးဖို့လိုတယ်။ဒါမှ လက်ရှိ ရခိုင်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို တစ်ဘက်တစ်လမ်းက ငြိမ်းချမ်းမယ်လို့မြင်တယ်”ဟု ကိုကျော်သန်းလှိုင်က ရခိုင်စစ်ပွဲများအပေါ် ၎င်းတို့၏ သုံးသပ်ချက်ကို ပြောသည်။

တောင်းဆိုပွဲကို လူဦးရေ ၂၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးသည်ဟု သိရသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...