မင်းဖူးအလကမှ စာဖြေကျောင်းသား ကျောင်သူ ၉၀ ကျော်ကျောင်းထဲတွင် ပိတ်မိနေဟုဆို

မင်းဖူးအလကမှ စာဖြေကျောင်းသား ကျောင်သူ ၉၀ ကျော်ကျောင်းထဲတွင် ပိတ်မိနေဟုဆို



ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မင်းဖူးအလကမှ စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူ ၉၀ ကျော်မှာ ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် ယခုအချိန် ညနေ ၃ နာရီခွဲထိ ကျောင်းထဲတွင် နေထိုင်နေကြရပြီး ထမင်းမစားရသေးဘဲ ရှိနေကြောင်း သတင်းရရှိသည်။

ဒေသခံ တစ်ဦးက “ အဋ္ဌမတန်းဖြေဆိုတဲ့ ကျောင်းသားကျောင်းသူ ၅၈ ယောက်၊ စတုတ္ထတန်းဖြေဆိုသူ ၃၄ ယောက်၊ ဆရာ ဆရာမတွေ အပါအဝင် အခုအချိန်ထိ ကျောင်းပြင်ထွက်လို့ မရဘဲ ဖြစ်နေပါတယ်။ အခုအချိန်ထိ တစ်ယောက်မှ ထမင်းမစားရသေးဘူးလို့ သိရပါတယ်။ ကလေးနှစ်ယောက် သုံးယောက်ကတော့ အစာမစားရတဲ့ အတွက် အချိန်လွန်ပြီး ထမင်းနာလုပ်ပြီးမူးလဲမတတ် ဖြစ်နေပါတယ်” ဟု ပြောသည်။

ယနေ့နံနက်က မင်းဖူးကျေးရွာအနီး တံတားတွင် တပ်မတော် စစ်ကြောင်း တစ်ခုအား မိုင်းခွဲတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းနောက်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အခု ကျေးရွာသားများအားလုံးကို ၎င်းစစ်ကြောင်းမှ ခေါ်ယူပြီး စာသင်ကျောင်းဘေး လမ်းမထက် နေပူပြင်းတွင် ထိုင်ခိုင်းထားကာ စစ်ဆေးမေးမြန်းနေသည်ဟု သိရသည်။

ကျောင်းဆရာဆရာမတို့အား တစ်စုံတစ်ရာ ပြသနာလုပ်ခြင်း မရှိကြောင်း၊ ဖုန်းအားလုံးကိုလည်း စစ်တပ်က သိမ်းဆည်းထားသည်ဟု သိရကြောင်း ၎င်း ဒေသခံက ပြောကြားသည်။

မင်းဖူးကျေးရွာမှ သက်ကြီး အမျိုးသမီး တစ်ဦး လက်နက်ကြီး ကျည်ဆံ ထိမှန် သေဆုံးသွားသည်ဟု သတင်းရရှိသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...