ပထမဆုံး အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တွေ့ဆုံမည့် ရက် ပြန်ရွှေ့ဆိုင်း

ပထမဆုံး အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တွေ့ဆုံမည့် ရက် ပြန်ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေချိန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါဝင် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ နှင့် မြန်မာအစိုးရ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းရေးဗဟိုဌာန NRPC တို့ ယခုနှစ်၏ ပထမဆုံး အလွတ်သဘော တွေ့ဆုံမည့် ရက်ကို ပြန်ရွှေ့ဆိုင်းလိုက်သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့ NRPC နှင့် KIO နှစ်ဖက် အလွတ်သဘော တွေ့ဆုံမှုတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံမည့် နေ့ရက်ကို ဖေဖေါ်ဝါရီ ၁၃ မှ ၂၀ ကြား တစ်ရက်ရက်တွင် ပြုလုပ်ရန် နှစ်ဖက် သဘောတူခဲ့သည်။

သို့သော်လည်း ဖေဖေါ်ဝါရီ ၂၅ နေ့ တွေ့ဆုံရန် မြောက်ပိုင်းမဟာမိတ် ဘက်မှ တင်ပြထားခြင်းကို NRPC က ယနေ့ အင်္ဂါနေ့ထိ အကြောင်းပြန်ခြင်း မရှိသေးကြောင်း မြစ်ကြီးနားအခြေစိုက် ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-talk Creation Group (PCG) က Lamai Gum Ja ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“KIO ဘက်မှ အဖွဲ့ ၄ဖွဲ့နဲ့ ၂၅ရက်နေ့ တွေ့ဖို့ပြောထားတယ်။ သူတို့ (NRPC)ဘက်က အကြောင်းပြန်မယ်ဆိုတာ အခုချိန်ထိတော့ အကြောင်း မပြန်သေးဘူး။ ဒါကြောင့်မို့ အခု ညှိနှိုင်း နေဆဲ အနေအထားဖြစ်တယ်။”

လက်ရှိ ရခိုင်ပြည်နယ်တိုက်ပွဲကြောင့် KIO အပါဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များနှင့် အစိုးရကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုကို အဓိက အနောက်အယှက်ဖြစ်စေသည်ဟု ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါက်တာ တူးဂျာ က ဆိုသည်။

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA၊ မြန်မာအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးတပ်မတော် MNTJP/MNDAA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ ၄ဖွဲ့ က ‘ရခိုင်ဒေသအတွင်း မြန်မာ့တပ်မတော်က မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သော ULA/AA အား ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်တန့်ပေးရန်” ဒီဇင်ဘာလ ၂၇ ရက်နေ့ သဘောထား ထုတ်ပြန်ခဲ့သည်။

Most read this week

စင်းခန်းတံတား စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Photo - Crd
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...