ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ပညာဆက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေ

ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ပညာဆက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေ

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ပညာသင်ကြားပြီး မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ကရင်နီပညာရေးဌာနမှ ကြိုးစားဆောင်ရွက်ပေးနေသည်ဟု သိရသည်။

နေရပ်ဒေသေသို့ ပြန်သွားလိုသော ကျောင်းသား/သူများအတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာကို ပြီးခဲ့သည့် ဇန်နာဝါရီလက ကရင်နီဒုက္ခသည် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပြည်တွင်းရှိ ပညာရေးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

“မိမိအရပ်ဒေသကို ပြန်သွားတဲ့ ကျောင်းသား/သူတိုင်း ကရင်နီပညာရေးဌာနရဲ့ ထောက်ခံချက်ပါသွားဖို့လိုပါတယ်။ အဲဒီထောက်ခံချက်တွေကို ကယားပြည်နယ် ပညာဌာနကနေမှ သေချာစီစစ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပြုမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲကို အခြေခံပြီး ကျောင်းသား/သူတွေ ပညာဆက်လက်သင်ခွင့်ရရှိဖို့ ဆောင်ရွှက်သွားမယ်လို့ သဘောတူကြပါတယ်”ဟု ကရင်နီပညာရေးဌာန ညွန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။

မိမိဆန္ဒအလျောက်ပြန်သွားသော ကျောင်းသား/သူများ၏ အခက်အခဲကို စောင့်ကြည့်ကူညီပေးနိုင်ရန်အတွက် အသင်းအဖွဲ့ တစ်ဖွဲ့ကိုလာမည့် ၂၀၁၉ သြင်္ကန်အပြီး ဖွဲ့စည်းနိုင်ရန်နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်နိုင်ရန် သဘောတူထားသည်ဟု သိရသည်။

ကယားပြည်နယ်ရှိ မြို့နယ်အသီးသီးတွင်ရှိသော မြို့နယ်ပညာရေးမှူးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။

မူလတန်းမှ အလယ်တန်းအထိ ရှိနေသော ကျောင်းသား/သူများကို မိမိဆန္ဒအလျောက် ပြည်တွင်းသို့ ကျောင်းပြန်ဆက်တက်နိုင်ရန်အတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲအောင်မှသာလျှင် ဆက်လက်ပညာသင်ကြားခွင့်ရမည်ဖြစ်သည်။

ဒုက္ခသည်စခန်းမှ အထက်တန်းပညာသင်ကြားပြီး အောင်လက်မှတ်ကို ပြည်တွင်း မြန်မာပြည်အစိုးရက အသိအမှတ်မပြုသေးသည့်အတွက် ဒုက္ခသည်စခန်းတွင် အထက်တန်းပညာသင်ကြားပြီးသူများသည် ပြည်တွင်းတွင် တက္ကသိုလ်ဆက်လက်ပညာသင်ကြားခွင့် မရသေးသည့်အတွက် အခက်အခဲများရှိနေသေးသည်။

“စခန်းထဲမှာရှိ ကရင်နီပညာရေးဌာနပေးထားတဲ့ ခုံနံပါတ်နဲ့ ဝင်လို့မရဘူး။ ဒါကြောင့် အထက်တန်းကလေးနဲ့ ကျောင်းပြီးသွားတဲ့ ကလေးတွေအတွက် တက္ကသိုလ်ဆက်တက်ဖို့ဆိုတာ အခက်ခဲရှိပါတယ်။ အဲဒါလည် လာမည့် အနာဂါတ်တစ်လျှောက်လုံးမှာ ဆက်လက်ညှိနိုင်းဆောင်ရွှက်ရမယ့် အခက်ခဲဖြစ်တယ်”ဟု ဆရာဘူးရယ်က ဆက်ပြောသည်။

ပြန်သွားသော ကျောာင်းသား/သူများ၏ လိုအပ်ချက်ကို နိုင်ငံတာကာ လူသားချင်း စာနာထောက်ထားမူအဖွဲ့ဖြစ်သည့် Save the Children, Myanmar Save the Children, Thai JRS နှင့် Myanmar JRS အဖွဲ့အစည်းများက ပံ့ပိုးကူညီနိုင်ရန် မြို့နယ်ပညာရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟုသိရသည်။

လက်ရှိအခြေအနေတွင် ကရင်နီပညာရေးဌာနကို လာပြီး ကျောင်းပြောင်းလဲမှတ်လာယူသွားသော ကျောင်းသား/သူ ဦးရေ အယောက် ၂၀ ရှိသည်ဟု ကရင်နီဒုက္ခသည်ပညာရေးဌာနမှ သိရသည်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...