အကျဉ်းကျခံရသူ ဒေါ်နန်ပူ အား EU ၏ Schuman Awards ဆု ချီးမြင့်

အကျဉ်းကျခံရသူ ဒေါ်နန်ပူ အား EU ၏ Schuman Awards ဆု ချီးမြင့်

တိုက်ပွဲကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုမှုကြောင့် ထောင်ဒဏ်ကျခံနေရသော ကချင်ပြည်နယ် Htoi Gender အဖွဲ့ ဒါရိုက်တာ ဒေါ်နန်ပူကို ဥရောပသမဂ္ဂ ၏ Schuman Awards 2019 ဆု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ချီးမြင့်ခဲ့သည်။

ရန်ကုန်မြို့ ဆုချီးမြင့်အခမ်းနားသို့ သူမကိုယ်စား မိသားစုဝင် ဒေါ် Nang Bawk က သွားရောက်ရယူခဲ့သည်။

ဒေါ်နန်ပူသည် အမျိုးသမီးဖြစ်သော်လည်း စစ်ရှောင်အရေး နှင့် အမျိုးသမီးအရေးမှာ ကြိုးစားလုပ်ဆောင်သောကြောင့် ဆုကိုရရှိအောင် ဦးဆောင် ထောက်ခံပေးခဲ့ကြောင်း ကချင်အမျိုးသမီးငြိမ်းချမ်းရေးကွန်ယှက် KWPN မှ ဒေါ်မေစံပယ်ဖြူ ပြောပါသည်။

“စစ်ရှောင်တွေနဲ့ အမျိုးသမီးအရေးတွေပေါ်မှာ စိတ်ပါဝင်စားမှုအပြည့်နဲ့ ကြိုးစားလုပ်ဆောင်မှုတွေ တွေ့လာရတော့ ဒီဆုကို သူရအောင် ထောက်ခံ ပေးတာဖြစ်တယ်” ဟု ဒေါ်မေစံပယ်ဖြူ ပြောပါသည်။

ဆုအတွက် လျှောက်ထားသူ စုစုပေါင်း ၁၃ ယောက် အနက် မဲပေး ရွေးချယ်ရာ ဒေါ်နန်ပူ က မဲ အများဆုံးရကြောင်း သူမက ဆိုသည်။

ဒေါ်နန်ပူသည် လက်ရှိတွင် မြစ်ကြီးနား အကျဉ်းထောင်တွင် ရှိနေပြီး၊ စစ်ရှောင်အရေးလှုပ်ရှားရာမှာ တပ်မတော်အသေရေပျက်အောင် ပြောဆိုခဲ့သည်ဟုဆိုကာ သူနှင့်အတူ ကို လွမ်းဇောင်း နှင့် ဦးဇော်ဂျတ်တို့ တရားစွဲဆိုခံရပြီး လွန်ခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ကျပ် ၅ သိန်းစီ စီရင်ချက် ချမှတ်ခံရသူဖြစ်ပါသည်။

ယခု ရရှိသည် Schuman Awards သည်လည်း ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးဆိုင်ရာမှာ ကြိုးစားလုပ်ဆောင်နေသူတွေကို အသိမှတ်ပြု ချီးမြင့် ခံရခြင်းဖြစ်သည်။

“ကချင်ပြည်နယ်မှာလည်း ကချင်အမျိုးသမီး တစ်ဦး အခုလို ဆုချီးမြှင့်ခံရတာဟာ ကျွန်တော်တို့ ပြည်နယ် တိုးတက်ဖို့ အခွင့်အလမ်း တစ်ခုဖြစ်တဲ့အတွက် ဝမ်းသာပါတယ်” ဟု ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအဖွဲ့ မှ ဦးကွမ်ဂေါင်အောင်ခမ်း ပြောပါသည်။

ထို့အပြင် ၂၀၁၈ ဧပြီလနှင့် မေလအတွင်း စစ်ရှောင်များ လွတ်မြောက်ရန် ဆန္ဒပြပွဲတွင် ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် တို့နှင့် အတူလှုပ်ရှားပါဝင်ခဲ့သော ကချင်လူငယ်အဖွဲ့မှ ကိုဆိုင်းခွမ်အောင် မှလည်း ယခုလို ပြောပါသည်။

“အခု ဒီဆုကို လက်ခံပြီး ထောင်ကနေ ထွက်လာတဲ့အချိန်မှာလည်း ပိုပြီး စိတ်ခွန်အားအပြည့်နဲ့ လူထုအတွက် အကျိုးထမ်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောပါသည်။

ယမန်နေ့ ချီးမြင့်ခဲ့သည့် EU ၏ လူ့အခွင့်အရေးဆိုင်ရာ Schuman Awards ဆု ကချင်ပြည်နယ် Htoi Gender Development Foundation မှ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုးနှင့် လူ့အခွင့်အရေး ကာကွယ်ပြောဆိုနေသည့် ရှေ့နေ ဦးရောဘတ်စန်းအောင် တို့ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...